NEWS

၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်

CoverLogo
632 Views
 
လာမယ့် ၂၄နာရီ အတွင်း ပဲခူးမြစ်ရေ ဟာ လက်ရှိ ရေအမှတ် ထက် ၅ပေကျော် မြင့်တက်လာနိုင်မယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၀ရက် မနက် ၆နာရီ၃၀ အချိန် တိုင်းတာချက် အရ ထုတ်ပြန်ကြေညာထားပါတယ်။
 
ပဲခူးမြို့ အတွက် ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်မှာ ၈၈၀ စင်တီမီတာ ဖြစ်ပြီး လက်ရှိမှာ ၆၈၈စင်တီမီတာ မှာ ရှိနေတယ်လို့ ဆိုပါတယ်။
 
လာမယ့် ၂၄နာရီ အတွင်း ပဲခူးမြစ်ရေ ဟာ ၁၅၇ စင်တီမီတာ (၅ပေကျော်)မြင့်တက်လာမှာဖြစ်တဲ့ အတွက် စိုးရိမ်ရေအမှတ် ကို ရောက်ရှိဖို့ ၁ပေခန့်သာ လိုတော့တယ်လို့ သိရပါတယ်။
 
"ပဲခူးမြစ်ရေ အခြေနေ ကို သတိထားစောင့်ကြည့် ပြီး အနိမ့်ပိုင်းရပ်ကွက်တွေ မှာရေကြီးနိုင်ခြေမြင့်မားလာတာကြောင့် ကြိုတင်ပြင်ဆင် နိုင်ဖို့အသိပေးပါတယ်""လို့ ပြင်ပမိုးလေဝသေစာင့်ကြည့်သူ ဦးဝင်းနိုင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးထားပါတယ်။
 
ဒါ့အပြင် ပဲခူးမြစ် အထက်ပိုင်း (ဇောင်းတူ)နဲ့ ပဲခူးမြို့ပေါ် မှာ မိုးသည်းထန် နိုင်တဲ့ အတွက် လာမယ့် ၄၈ နာရီ အတွင်းမှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ကို ရောက်ရှိ နိုင်ပြီး ဇောင်းတူနဲ့ ပဲခူးမှာ မိုးဆက်လက်ရွာနေနိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့၂၀၂၄ ခုနှစ် တို့မှာ လည်း ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်ထက် ကျော်လွန်သွားတဲ့ အတွက် ပဲခူးမြို့နယ် အတွင်း ရေကြီးရေလျှံ မှုတွေ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူ အများ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ရသလို ရေကြီးမှုကြောင့် သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026