NEWS

အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

CoverLogo
33 Views
 
မနေ့က မတ်လ (၁၈) ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အလှည့်ကျ မီးပေးစနစ်ကို ပြန်လည် စတင်မယ်လို့ စစ်ကော်မရှင် လက်အောက်ခံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ပူပြင်းတဲ့ နွေရာသီရဲ့ အပူရှိန်ကြောင့် လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းနဲ့ ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်ရှိခြင်းတို့ကြောင့် အခုလို ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
နွေရာသီ ဖြစ်တဲ့ မတ်လ မှ ဇွန်လ အထိဟာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ စုဆောင်းထားတဲ့ ရေတွေ ကို ထိန်းသိမ်းမောင်းနှင်ပြီး ဓါတ်အားဖြန့်ဖြူးရမယ့် ကာလ ဖြစ်ကာ ယခု မတ်လ ဟာ စတင်ထိန်းသိမ်းရမယ့်ကာလ ဖြစ်ပေမယ့် တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနဲ့ကျင်းပချိန် အတွင်း ကျောင်းသား/ကျောင်းသူတွေ ညပိုင်း စာကြည့်ချိန်နဲ့ စာစစ်ဌာနတွေမှာ လျှပ်စစ်မီး မပျက်ဖို့ တိုးမြှင့် ထုတ်လုပ် ဖြန့်ဖြူးပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ဒါကြောင့် လက်ရှိ မှာ တက္ကသိုလ်စာမေးပွဲ ပြီးစီး ပြီဖြစ်တဲ့ အတွက် ဇွန်လ အထိ ဓါတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ အလှည့်ကျစနစ်နဲ့ ပေးသွားမယ်လို့ သိရပါတယ်။
 
သို့သော် သဘာ၀ဓါတ်ငွေ့ရည် LNG သုံးဓါတ်အား ပေးစက်ရုံမှ ထုတ်လုပ်တဲ့ လျှပ်စစ် ဓါတ်အား ကို တိုက်ရိုက်လိုင်းဖြင့် ဓါတ်အားပေးသည့် ဓါတ်အားလိုင်းတွေကိုတော့ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးမယ်လို့စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ
Mar 22, 2026
Cover
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ
Mar 22, 2026
Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026