NEWS

အမျိုးသမီး ၉ ဦးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ငွေကြေးအကျိုးမြတ် ခေါင်းပုံဖြတ်သူများကို လူကုန်တားဥပဒေဖြင့် အရေးယူ

CoverLogo
281 Views
 
အမျိုးသမီးကိုးဦး ကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ခေါင်းပုံဖြတ် ရယူသူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေဖြင့် အရေးယူခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်(ဈ)ရပ်ကွက်နေ ကိုထွန်းဝေ၊မစိုးစိုးထွေး၊မခင်ချိုဝင်း နဲ့ ပြင်ဦးလွင် မြို့ ရပ်ကွက်၆နေ မဖူးဖူးဝေ တို့လေးဦးဟာ Hello စင်တင် စားသောက် ဆိုင်ရှိ မော်ဒယ် အဖွဲ့ မှအမျိုးသမီးကိုးဦး ကို မော်ဒယ်ရှိုးလျှောက်ခိုင်းပြီး ဧည့်သည့်အမျိုးသားနဲ့ ပြင်ပလိုက်ခိုင်းပြီးပြည့်တန်ဆာအဖြစ် ခိုင်းစေတယ်လို့ သိရပါတယ်။
အခုလို ခိုင်းစေပြီး ရရှိလာတဲ့ ငွေ တွေကို ခေါင်းပုံဖြတ် အကျိုးအမြတ် ရယူဆောင်ရွက် ကြောင်း စိစစ်ပေါ်ပေါက်တဲ့ အတွက် အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (မန္တလေး)မှ တရားလို ပြု တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း (ပ)၁၀၃/၂၀၂၅လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့် တရားစွဲတင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီဇင်ဘာ၁၂ရက်က မဟာအောင်မြေ‎ခရိုင် တရားရုံး မှ တရားခံ မစိုးစိုးထွေး၊မခင်ချိုဝင်း၊ကိုထွန်းဝေနဲ့ မဖူးဖူးဝေ တို့ လေးဦးကို လူကုန်ကူးမှုဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နဲ့ထောင်ဒဏ် နှစ်၂၀ စီ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026