NEWS

အဓမ္မနှင်ထုတ်မှု့နဲ့နိုင်ငံတကာလူ့အခွင့်အရေးချိုးဖောက်နေတဲ့စစ်ကောင်စီ

CoverLogo
992 Views

စစ်ကောင်စီရဲ့အလွတ်သဘောနေထိုင်သူတွေအပေါ် အဓမ္မခြိမ်းခြောက်နှင်ထုတ်နေတာတွေဟာ နိုင်ငံတကာလူ့အခွင့်ရေးဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာလို့ UN ရဲ့လူ့အခွင့်ရေးအဖွဲ့ရုံးကဆိုပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီး၈ လလောက်အကြာမှာပဲရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ အလုပ်အကိုင်အခက်အခဲကြောင့်ရွှေ့ပြောင်းနေထိုင်ရသူတွေကို စစ်တပ်ကအတင်းအကြပ်နှင်ထုတ်လာတာတွေရှိလာပါတယ်။

သူတို့ရဲ့အကြောင်းပြချက်ကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေခိုအောင်းနေတယ်ဆိုတာရယ် စီမံကိန်းသစ်တွေစတင်မယ်လို့ဆိုပေမယ့် တကယ့်လက်တွေ့မှာဆင်းရဲသားလူထုသာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါ။

စစ်အာဏာသိမ်းပြီး ၈ လလောက်အကြာမှာပဲ စစ်ကောင်စီဖက်က ကျူးကျော်နေဆင်းရဲသားပြည်သူတွေကိုအဓမ္မနှင်ထုတ်ဖို့ကြိုးစားတဲ့အရိပ်အခြေတွေပြလာပါတယ်။

ရန်ကုန်တိုင်းကကျူးကျော်အများစုနေထိုင်တဲ့ လှိုင်သာယာမှာဆိုရင် ညစဥ်ကျူးတွေအမြန်ဆုံးဖယ်ရှားပေးဖို့မဖယ်ရှားရင် အကုန်ဖျက်ဆီးပြစ်မှာဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုစစ်ကောင်စီလက်ဝေခံအုပ်ချုပ်ရေးအဖွဲ့တွေကအော်လံနဲ့လိုက်အော်ကြပါတယ်။

ရန်ကုန် မန္တလေး အစရှိတဲ့မြို့တွေမှာ ဒီလိုအခြေချနေထိုင်သူတွေဟာ များသောအားဖြင့်ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေ ကျပန်းလုပ်သားတွေနဲ့ စက်ရုံ အလုပ်ရုံကလုပ်သားတွေများပါတယ်။

အောက်တိုဘာလလောက်ကစပြီး ရန်ကုန်မြို့ကထဲမှာတင်စစ်ကောင်စီအဓမ္မဖယ်ရှားဖို့လုပ်ခဲ့တဲ့ကျူးအရေအတွက်ဟာလေးသိန်းနီးပါးရှိပါတယ်။

"ခုဆိုကျမတို့အမျိုးသမီးတွေအနေနဲ့နေရထိုင်ရတာမလုံခြုံဘူး ပြောင်းဖို့ရွှေ့ဖို့လဲပိုက်ဆံမရှိတော့ကိုယ့်တဲကိုယ်ဖျက်ပြီးငုတ်တုပ်နေနေရတယ် စက်ရုံကလဲဒီလိုကိစ္စတွေနဲ့ပါတ်သက်ပြီးတာဝန်မယူတော့ အတော်ဒုက္ခရောက်ပါတယ်"လို့လွန်ခဲ့တဲ့လပိုင်းက ကျူးကနေဖယ်ရှားခံရတဲ့စက်ရုံအလုပ်သမားတဦးကလက်ရှိအခြေအနေကို Myanmar Labour News ကိုပြောပြပါတယ်။

ဒီလိုဖိအားပေးရှင်းလင်းတာတွေရှိတဲ့အပြင် ရွှေ့ပြောင်းလာသူတွေကစစ်ကောင်စီတပ်တွေက ငွေညှစ်တာတွေစစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလာဘ်ပေးလာဘ်ယူလုပ်တာတွေကြောင့် ကျူးနေပြည်သူတွေမှာပိုပြီးအခက်တွေ့ကြရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီကရန်ကုန်မြို့ လှိုင်သာယာ ရွှေပြည်သာ တောင်ဒဂုံ ဒဂုံဆိပ်ကမ်း လိုစက်မှု့ဇုန်က နေရာတွေအပြင်မန္တလေး၊ ပုသိမ်အစရှိတဲ့မြို့တွေမှာလဲ အင်တိုက်အားတိုက်ကျူးနေပြည်သူတွေကိုတပ်၊ စည်ပင်၊ ရဲတွေပေါင်းပြီးအဓမ္မဖယ်ရှားရှင်းလင်းနေတာပါ။

"အရင်ကလာရှင်းရင် စည်ပင်ပဲ ထန်ကုန်ပါလာမှရဲပေါ့ ခုကစစ်တပ်ပါလာပြီးပစ်မယ်ခတ်မယ်လုပ်တော့အကုန်ကြောက်ပြီးပြေးကြရတာပေါ့ ပြေးလဲနေစရာမရှိတော့အတော်ဒုက္ခရောက်ကြရတယ်"လို့အိမ်ဖျက်ခံလိုက်ရတဲ့ပြည်သူတဦးက MLN ကိုပြောပါတယ်။

စက်မှု့ဇုန်တွေအနီးတဝိုက်ကကျူးဖျက်ခံလိုက်ရသူတွေထဲမှာစက်ရုံအလုပ်သမားတွေပါဝင်နေပြီးလက်ရှိအခြေအနေအထိနေရေး ထိုင်ရေးအခက်အခဲကြုံနေရဆဲဖြစ်တယ်လို့သူတို့ကဆိုပါတယ်။

အဓမ္မဖယ်ရှားရှင်းလင်းမှု့ကြောင့်ထွက်ခွာလာရပေမယ့်စစ်ကောင်စီဖက်က ကျူးဖက်ကလာသူတွေကိုအဆောင်မငှားဖို့ အဆောင်ပိုင်ရှင်တွေကိုဖိအားပေးတာတွေလုပ်နေတဲ့အတွက်တချို့ဆိုအလုပ်ထွက်ပြီးရွာပြန်သွားရတဲ့အထိအခက်အခဲတွေဖြစ်လာတာလို့သိရပါတယ်။

MLN ရဲ့ဆက်သွယ်မေးမြန်းချက်အရ စစ်ကောင်စီရဲ့အဓမ္မနှင်ထုတ်မှု့ကြောင့်နေရေးထိုင်ရေးအခက်အခဲကြုံတွေ့နေရတဲ့ လုပ်သားထောင်ဂဏန်းဝန်းကျင်လှိုင်သာယာမြို့နယ်ထဲမှာရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး- ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ အလွတ်သဘော အခြေချနေထိုင်သူတွေကို အတင်းအဓမ္မ နှင်ထုတ်မှုတွေနဲ့ နေအိမ်တွေကို ဖြိုခွင်းတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက တပ်မတော်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ ပြောဆိုလိုက်ပါတယ်။

နှင်ထုတ်ခံရသူများကို အစားအသောက်၊ အဝတ်အထည်၊ ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် ဝန်ဆောင်မှုများ ရယူရာတွင် အခြားနေရာထိုင်ခင်းနှင့် လိုအပ်သော အကူအညီများ ပေးဆောင်ရမယ်လို့UNရဲ့လူ့အခွင့်အရေးရုံးအဖွဲ့ကယမန်နေ့ကပဲထုတ်ပြန်ထားပါတယ်။

“အတင်းအဓမ္မ နှင်ထုတ်တာဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးနှင့် အရပ်ဘက် ရန်ပွဲများ၏ အခြေအနေများအောက်တွင် အဓမ္မ ဖယ်ရှားမှု၊ မတရား ရွှေ့ပြောင်းမှုနှင့် ပြည်နှင်ဒဏ် ပေးဆောင်မှုများကို ရှုတ်ချသည့် နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေအောက်တွင်လည်း စိုးရိမ်မှုများ တိုးလာပါသည်။"လို့လဲ UNရဲ့လူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတချို့ မီးရှို့ခံရတဲ့အပြင် စက်ရုံတွေပိတ်သိမ်းတာ၊ လုပ်သားလျှော့ချတာ၊ လုပ်ခလစာလျှော့တာတွေကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးခက်ခဲနေတဲ့အပြင်စစ်ကောင်စီရဲ့အခုလိုလုပ်ရက်ကြောင့်ပိုအခက်တွေ့နေရတယ်လို့ ကျူးကျော်နေပြည်သူတဦးကဆိုပါတယ်။

ကျူးကျော်တွေဟာ သွားစရာနေရာမရှိတဲ့အတွက် အစပိုင်းမှာ အိမ်တွေဖျက်ပြီး အနီးအနားမှာ ခိုကပ်နေထိုင်ခဲ့ပေမဲ့ စစ်တပ်က အကြိမ်ကြိမ်ဖိအားပေးတာကြောင့် နောက်ဆုံးမှာ နေရပ်စွန့်ခွာပြီး ထွက်သွားကြရပြီဖြစ်ပါတယ်။

ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်ကျူးကျော်တွေ နေထိုင်ခဲ့တဲ့နေရာမှာ အိမ်ဖျက်ထားတဲ့ အမှိုက်တွေ စုပုံပြီး နေထိုင်သူလုံးဝမရှိတော့ဘဲ တစပြင်လိုကျန်ရစ်ခဲ့ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ သန်လျင်မြို့နယ်ထဲက ကျူးကျော်တွေကိုလည်း စစ်ကောင်စီကအောက်တိုဘာနဲ့နိုဝင်ဘာလတွေထဲမှာပဲ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်မှာကျူးကျော်တွေကို ရှင်းလင်းနေသလို မန္တလေးမြို့မှာလည်း  ကျူးကျော်တွေကို ရှင်းလင်း နေပြီး စစ်အုပ်စုနဲ့အပေါင်းပါတွေက  ကျူးကျော်တွေထွက်သွားတဲ့ မြေနေရာတွေနဲ့ အရင်က မြေဂရမ် မရှိတဲ့ မြေတွေမှာ အမည်ပေါက် မြေကွက်တွေရအောင် လုပ်ဆောင်နေကြတဲ့ သတင်းတွေလည်း ထွက်ပေါ်နေဆဲပါဖြစ်ပါတယ်။

စစ်ကောင်စီရဲ့အလွတ်သဘောနေထိုင်သူတွေအပေါ်အဓမ္မ ခြိမ်းခြောက်နှင်ထုတ်နေတာတွေဟာနိုင်ငံတကာလူ့အခွင့်ရေးဥပဒေကိုပြင်းပြင်းထန်ထန်ချိုးဖောက်တာလို့ UNရဲ့လူ့အခွင့်ရေးအဖွဲ့ရုံးကဆိုပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီး၈လလောက်အကြာမှာပဲရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ အလုပ်အကိုင်အခက်အခဲကြောင့်ရွှေ့ပြောင်းနေထိုင်ရသူတွေကိုစစ်တပ်ကအတင်းအကြပ်နှင်ထုတ်လာတာတွေရှိလာပါတယ်။

သူတို့ရဲ့အကြောင်းပြချက်ကတော့ မြို့တော်သန့်ရှင်းသပ်ရပ်ရေး  ကျူးကျော်အဆောက်အအုံများကို ဥပဒေနှင့်အညီ ဖျက်သိမ်း ရှင်းလင်းမယ် လို့ဆိုပေမယ့်တကယ့်လက်တွေ့မှာ ဆင်းရဲသားလူထုသာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒုက္ခပင်လယ်ဝေခဲ့ရတယ် လို့ဆိုရမှာပါ။


Related posts

Cover
လျှပ်စစ်မီးပြတ်တောက်မှုပိုများလာတာကြောင့်စက်မှု လက်မှု နှင့် တစ်နိုင်တပိုင်လုပ်ငန်းများရပ်တည်ရန်ခက်ခဲလာ
Apr 27, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
Facebook account များ ပြန်လည်အသုံးပြုနိုင်
Mar 05, 2024
Cover
Facebook account များအသုံးပြုမရဖြစ်နေ
Mar 05, 2024
Cover
ဝန်ကြီးဌာန တရားစွဲဆိုထားတဲ့ W & F Group အထည်ချုပ် စက်ရုံ အချိန်ပို ပြန်လည် ခေါ်ယူနေ
Aug 16, 2023
Cover
ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ် ဖမ်းဆီး သိမ်းယူမှုများကြောင့် ကယ်ရီသမားများ အလုပ်လက်မဲ့ဖြစ်၊ သွားလာရခက်ခဲလာ
Jul 03, 2023
Cover
Pepsi စက်ရုံကအလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေကြောင့် Boycott အဖြစ်သတ်မှတ်
Jun 12, 2023