NEWS

အစားအသောက်များတွင် ဖော်မလင်ထည့်ပါက အရေးယူမည်ဟု FDA အသိပေး

CoverLogo
314 Views
 
အစားအသောက်များတွင် တားမြစ်ဓါတု​ဆေးဖြစ်တဲ့ ဖော်မလင်(Formalin)ကို ထည့်သွင်းသုံးစွဲခြင်းပြုလုပ်ပါက အမျိုးသားအစားအသောက်ဥပဒေဖြင့် အရေးယူမယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အောက်တိုဘာ ၂၃ ရက်မှာ အသိပေး ကြေညာလိုက်ပါတယ်။
 
ဈေးကွက် မှာ ရောင်းချလျက်ရှိတဲ့ အစားအသောက်အမယ်များ (ဥပမာ-ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်စတာတွေမှာ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိင်တဲ့ တားမြစ်ဓာတုပစ္စည်း ဖော်မလင် (Formalin) ထည့်သွင်းသုံးစွဲခွင့်မပြုဘူးလို့ဆိုပါတယ်။
 
ဖော်မလင် (Formalin) ထည့်သွင်း အသုံးပြုထားတဲ့ အစားအသောက်မတွေကို စားသုံးမိပါက လတ်တလောတွင် ခေါင်းမူး/ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပွားစေနိုင်သလို ရေရှည်စားသုံးမိပါက အစာအိမ်အနာဖြစ်ခြင်း၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးခြင်း၊ ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ခြင်း တို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ကလေးငယ်များတွင် ဖော်မလင် (Formalin) အဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင်ပြီး စားသုံးမိပါက သန္ဓေသားဖွံ့ဖြိုးမှု ထိခိုက်ခြင်းနှင့် ကလေးသူငယ်ကြီးထွားမှုပြဿနာများ ဖြစ်ပွားစေနိုင်တာကြောင့် စားသုံးခြင်းမပြုရန် FDA မှ အသိပေးထားပါတယ်။
 
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေအနေ နဲ့ လည်း အစားအသောက်မှာ တားမြစ် ဓာတုပစ္စည်း ဖော်မလင် (Formalin) ကို လုံးဝ (လုံးဝ) ထည့်သွင်းသုံးစွဲခြင်းမပြုရန်နဲ့ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမယ်လို့ FDA မှ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026