NEWS

အငှားအိမ်ရာ တိုက်ခန်း များ အား ပြန်လည် ငှားရမ်း၊ရောင်းချသူများကိုနေထိုင်ခွင့်ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်

CoverLogo
25 Views
 
အငှားအိမ်ရာ တိုက်ခန်းတွေကို ငှားရမ်းနေထိုင်ခွင့်ရှိသူ ကိုယ်တိုင် နေထိုင်ခြင်း မရှိဘဲ ထပ်ဆင့် ငှားရမ်းခြင်း ရောင်းချခြင်း တို့ စစ်ဆေးတွေ့ရှိသဖြင့် ၎င်းအိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်ပြီး ဥပဒေနဲ့အညီ အရေးယူမှု တွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ အိုးအိမ်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
 
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က သုခဒဂုံ အငှားအိမ်ရာတိုက်ခန်းကို ပြန်လည်ရောင်းချသူနဲ့ ပူးပေါင်းပါဝင်သူ ၃ ယောက်ကို တရားစွဲဆိုပြီး အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်စီချကာ အရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံပိုင်အခန်းတွေကို ခွင့်ပြုချက်မရှိပဲ ဥပဒေမဲ့ ရောင်းစားတဲ့အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆(၁) နဲ့ တရားစွဲအရေးယူခဲ့ခြင်းဖြစ်ကာ ရောင်းချခဲ့တဲ့သူတွေကို တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်စီ ချခဲ့တဲ့အပြင် အိမ်ခန်းငှားရမ်းခွင့်ပါ ပယ်ဖျက်ပြီး အခန်းကို ပြန်လည်သိမ်းယူခဲ့တယ်လို့ အိုးအိမ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
၎င်း သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို နေရေးအခက်အခဲရှိတဲ့ ပြည်သူ၊ အငြိမ်းစားဝန်ထမ်းနဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေ အတွက် ၅ နှစ် ငှားရမ်းနေထိုင်ခွင့်ပေးတဲ့ အငှားအိမ်ရာ ဖြစ်တယ်လို့ အိုးအိမ်ဦးစီးဌာနက ဆိုပါတယ်။
ဒါကို တချို့ ဌားရမ်းနေထိုင်ခွင့် ရရှိသူ တွေက ကိုယ်တိုင်မနေဘဲ ထပ်ဆင့်ငှားရမ်းတာ၊ ငှားရမ်းခွင့်စာရင်းမှာ မပါတဲ့သူတွေကို နေထိုင်စေတဲ့ အပြင် မိမိမပိုင်တဲ့ အခန်းနဲ့ စျေးဆိုင်ခန်းတွေကိုပါ လက်ညှိုးထိုး ရောင်းစားတာတွေ ရှိနေတယ်လို့ အဲဒီဌာနက ထုတ်ပြန်ထားပါတယ်။
 
"အဲ့ တိုက်ခန်းတွေမှာက တကယ်အိမ် မရှိဘဲ နေစရာ ခက်ခဲ တဲ့ ဝန်ထမ်း မရကျဘဲ အကပ်သင့်ရာ သူတွေ ဘဲရကျတာများတယ် အဲ့ လူတွေကလည်း ဒီမှာနေကျတာ မဟုတ်ဘူး ပြန်ငှားစားကျတာ သူတို့အရေးယူထားတယ်ပြောတဲ့ ၃ယောက် မကဘူး မဲပေါက်တဲ့ သူတွေ တကယ်နေမနေကိုသေချာစိစစ်လိုက်ရင် အများကြီး ထွက်လာမှာ"လို့ အမည်မဖေါ်လိုသူအစိုးရဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
ပြည်သူ့အငှားအိမ်ရာအတွင်း တရားဝင်နေထိုင်ခွင့်ရသူကလွဲပြီး ထပ်ဆင့်ငှားရမ်းတာ၊ အိမ်ငှားစာချုပ်မှာ မပါဝင်သူတွေကို နေထိုင်စေတာ၊ အရောင်းအဝယ်လုပ်တာတွေ ရှောင်ကြဉ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် အခန်းငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်မဲ့အပြင် ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့လည်း အိုးအိမ်ဦးစီးဌာနက သတိပေးထားပါတယ်။

Related posts

Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026
Cover
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လစဉ်ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာများ ရင်ဆိုင်နေရ
Feb 20, 2026
Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026