NEWS

အကျဉ်းသား တွေကို အဓမ္မစစ်မှုထမ်းခိုင်းစေတာတွေပြုလုပ်နေ

CoverLogo
441 Views
 
အကျဉ်းထောင်တွေထဲ အကြောင်းအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ အကျဥ်းသားတွေကို စစ်ကောင်စီက အတင်းအဓမ္မ လက်နက်ကိုင်ခိုင်းပြီး တော်လှန်ရေး တပ်တွေ ကို တိုက်ခိုက်ဖို့ စေခိုင်းတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)
ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာ တွေ မှာ ရှိနေတဲ့ အကျဉ်းထောင် တွေ မှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ် က ထောင်တွင်းအကျဉ်းချခံထားရတဲ့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်တွင်းခံစစ်အတွက် လက်နက်တပ်ဆင်ပြီး ကင်းစောင့်ခိုင်းတာ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်ပါက စစ်သားတွေ နဲ့ အတူ ခုခံကာကွယ်ရန် အတင်းအဓမ္မ အမိန့်ပေးစေခိုင်းလျက်ရှိတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း KIA နှင့်တော်လှန်ရေးတပ် တွေ တိုက်စစ်ဖော်ဆောင် တဲ့ ဒေသ အတွင်းရှိ ဗန်းမော်အကျဉ်းထောင်နှင့် မိုးညှင်းအကျဉ်းထောင် တွေ မှာ ရာဇာဝတ်မှုနဲ့ နှစ်ကြီးကျနေတဲ့ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ကာ ထောင် ခံ စစ် ကင်း၊ လုံခြုံရေးစောင့်ခိုင်းတာနဲ့ စစ်ကောင်စီတပ်ကို လာရောက်တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကို စစ်ကောင်စီနဲ့အတူ ပူးတွဲခုခံမှု တွေ လုပ်ဆောင်‌ဖို့ စေခိုင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်စည်းကမ်း၊ ရဲစည်းကမ်းဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်တွင်း ဖမ်းဆီးထားတဲ့ စစ်သား၊ ရဲတပ်ဖွဲ့ဝင် တွေ ကို လက်နက်တပ်ဆင်ပေးကာတော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ချိန် မှာ ပါဝင်တိုက်ခိုက်ပါက ကျခံနေရတဲ့ ပြစ်ဒဏ် တွေ ကို ဖျက်သိမ်းပြီး မူလရာထူး (ယာယီ) ပေးပြီး တိုက်ပွဲအတွင်း ပြန်လည်အသုံးပြုမှုတွေရှိတယ်လို့ လည်း ဆိုပါတယ်။
အခုလိုအကျဉ်းသားတွေ ကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာ ၊ ဖမ်းဆီးအကျဉ်းချခံထားရ တဲ့ စစ်တပ်နှင့်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်လွတ်ငြိမ်းမှုရရန် စစ်တပ်တွင် တာဝန်ထမ်းဆောင်စေခြင်းတွေဟာ တရားမဝင်လုပ်ရပ်များကို ပေါ်ပေါ်တင်တင် ကျူးလွန်ကာ အင်အားဖြည့်တင်းလာမှု ကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက် တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အသိပေးထုတ်ပြန်ထားပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026