NEWS

အကျဉ်းသားများ အရေးပေါ်ဆေးကုသခွင့်ရရန် အာဏာပိုင်များကို ငွေကျပ်သိန်းချီပေးနေရဟုဆို

CoverLogo
310 Views
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက် ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားများရဲ့ အရေးပေါ် ဆေးကုသခွင့် ကို ထောင်အာဏာပိုင်တွေထံ ငွေကျပ်သိန်းချီပေးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
 
၎င်းအကျဉ်းထောင်မှ အကျဥ်းသားတွေ ကို ကျန်းမာရေးစောင့်ရှောက်မှုမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့ အပြင် အရေးပေါ်လူနာတွေ အနေနဲ့ ပြင်ပဆေးကုသခွင့် ရဖို့ ထောင်ပိုင်ကြီးအပါအဝင် အရာရှိတချို့ကို ၎င်းတို့‌တောင်းခံတဲ့ ငွေကြေးပမာဏ ပေးနိုင်မှသာ ဆေးကုခွင့်ရတယ်လို့ဆိုပါတယ်။
 
အရေးပေါ်ဆေးကုသခွင့်အတွက် တစ်ကြိမ်လျှင် မြန်မာငွေ ၅သိန်းကျပ်ကနေ သိန်း၂၀ ကြားပေး‌ဆောင်နေရပြီး ငွေကြေးမပေးနိုင်၍ ဆေးဝါးကုသခွင့်မရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာများ ကြောင့် ခြေထောက်များ လှုပ်မရတော့ဘဲ မသန်စွမ်းဖြစ်‌‌သွားရတဲ့အထိ အခြေနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
 
အခုလို ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိခြင်းနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိခြင်းများဟာ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်ခြင်းသာမက နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက သတ်မှတ်ထားတဲ့ “အကျဉ်းသားများကို ပြုမူရာတွင် လူ့ဂုဏ်သိက္ခာနှင့် ကိုက်ညီရမည်” ဆိုတဲ့ အချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကျူးလွန်‌နေခြင်းဖြစ်တယ်လို့ PPNMကဆိုပါတယ်။
 
မော်လိုက် ကလေးအကျဉ်းထောင်မှ ထောင်အာဏာပိုင်များရဲ့ လုပ်ရပ်များကို PPNMအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး နိုင်ငံရေးအကျဥ်းသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရေးပေါ် ဆေးကုသခွင့်ကို မည့်သည့် အကြောင်းအရင်းနဲ့မျှ ပိတ်ပင်တားဆီးခြင်းကို ရပ်တန့် စေလိုတယ်လို့ PPNMက ထုတ်ပြန်ထားပါတယ်။
 
PPNMရဲ့ စာရင်းတွေ အရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီး မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိတာကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၈ဦးအထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026