NEWS

အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ

CoverLogo
11 Views
 
ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဉ်းထောင်အတွင်း မှ အကျဉ်းသားများရဲ့ စားသောက်ရေး၊နေထိုင်ရေးနဲ့ကျန်းမာရေး အခက်ခဲ များကို နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ထံ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားကို ထောင်အာဏာပိုင်တွေက ရိုက်နှက် ပြီး တိုက်ပိတ် ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM)ရဲ့ ထုတ်ပြန် ချက် အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ က သာယာဝတီထောင်အတွင်းရှိ အဆောင် (၈) နှင့် (၉) တို့မှ နိုင်ငံရေးအကျဉ်းသား (၃) ဦးဟာ အကျဉ်းသားများရဲ့ စားသောက်ရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေး အခက်အခဲများကို ထောင်ပိုင်ထံ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
 
၎င်းအကျဉ်းထောင်အတွင်းသို့ ဖေဖော်ဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) လာရောက်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုး က အကျဉ်းသားတွေရဲ့ အခက်အခဲနှင့် လိုအပ်ချက်များကို ထပ်မံတင်ပြခဲ့တယ်လို့ သိရပါတယ်။
 
အခုလို တင်ပြခဲ့တဲ့ အတွက် ICRC ပြန်သွားပြီးနောက် ဖေဖော်ဝါရီ ၇ ရက် မှာ အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင် နှင့် အဆောင်လူကြီး (တန်းစီး) များဖြစ်သော ဖိုးသား၊ ကျော်ဇင်ဦး တို့ ဦးဆောင်သောအဖွဲ့ဟာ ICRC ထံ တင်ပြခဲ့တဲ့ ကိုမျိုးကျော်ထက် ကို ပင်မအကျဉ်းထောင် (Main Jail) အတွင်းသို့ ခေါ်ဆောင်သွားပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြ တဲ့ အတွက်မျက်နှာတစ်ခြမ်းလုံး ဖူးယောင်ညိုမဲဒဏ်ရာများ ရရှိခြင်း၊နားအတွင်းမှ သွေးထွက်သံယိုဖြစ်ခြင်း စတဲ့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ PPNMက ထုတ်ပြန်ထားပါတယ်။
 
ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ ကိုမျိုးကျော်ထက် ကို မတ်လ ၁၃ရက်အထိ ဆေးကုသခွင့် မပေးတဲ့ အပြင် အပြင်လူများနဲ့ အဆက်သွယ် ဖြတ်ကာ (တိုက်ပိတ်)ခံထားရတယ်လို့ သိရပါတယ်။
လက်ရှိတွင် သာယာဝတီထောင်အတွင်း အကျဉ်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနေရပြီး ICRC ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံတင်ပြမှုအပေါ် လက်တုံ့ပြန် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေခြင်းဟာ အကျဉ်းသားများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း PPNMမှ သတင်းထုတ်ပြန် ထားပါတယ်။

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026