NEWS

ဟင်းသီးဟင်းရွက်ဈေး အဆမတန်မြင့်တက်နေပြီး အခြေခံပြည်သူတွေ ဝယ်ယူစားသုံးရန်ခက်ခဲလာ

CoverLogo
445 Views

ဟင်းသီးဟင်းရွက် ကုန်စိမ်း ဈေးကွက် မှာ ကုန်အဝင်နည်းပြီး ယခင်ထက်  အဆ များစွာ ဈေးမြင့် တတ်လာတယ်လို့ သီရိမင်္ဂလာဈေးရှိ ကုန်စိမ်းပွဲရုံ တွေ ထံက သိရပါတယ်။အဲ့ဒီလို ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် အခြေခံပြည်သူတွေအနေနဲ့ ယခင်က ပေါပေါသီသီ ဝယ်ယူရရှိတဲ့ ဟင်းသီးဟင်းရွက်တွေပါ ဝယ်ယူစားသုံးဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

ပြီးခဲ့ တဲ့ ဆောင်းရာသီ ကာလ က ဈေးကွက် အတွင်း ရာသီ ပေါ် သီးနှံ တွေ ကုန်အဝင်များ ခဲ့ ပြီး ဝယ်လိုအား မရှိတဲ့ အတွက် ဈေးကျဆင်းခဲ့ကာ  စိုက်ပျိုးတောင်သူတွေ အရှုံးပေါ်ခဲ့ရတဲ့ အနေထားရောက်ရှိခဲ့ပြီး နောက်ထပ်စိုက်ပျိုးရာသီ အတွက် စိုက်ပျိုးစရိတ်မရှိတာကြောင့် အချို့တောင်သူတွေ စိုက်ပျိုးမှုမရှိတဲ့ အတွက် ကုန်အဝင်နည်းတယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ ရာသီပေါ်ချိန် တုန်းက ခရမ်းချဉ်သီး  ဆို တစ်ပိသာ ၃၀၀၊ ၄၀၀ ပဲရှိတယ်စိုက်ပျိုးတဲ့တောင်သူတွေဆီမှာ ဆိုရင်  ခူးခ တောင် မရလို့ ခြံအလိုက် ဒီတိုင်း ထားပြီး ပျက်စီး ခဲ့ရတယ်  ဂေါ်ဖီ ဆို ဝယ်မယ့်သူမရှိလို့ လွှင့်ရတာတွေ ရှိတော့ တစ်ချို့ ခြံသမားတွေ အရှုံးပေါ်ပြီး နောက်ရာသီ အတွက် မစိုက်ကျတော့ဘူး အဲ့တော့ အခုရာသီပေါ်ချိန် ရောက်တော့ ကုန်အဝင်က နည်းပြီး ဈေးက အရင်ထက်အဆမတန် မြင့်သွားတာ''လို့ သီရိမင်္ဂလာဈေးမှ ကုန်စိမ်းပွဲရုံ ပိုင်ရှင်တစ်ဦးကပြောပါတယ်။

အခုလို ဟင်းသီးဟင်းရွက် တွေ ဈေးမြင့်တဲ့ အတွက် အရောင်းအဝယ်လုပ်သူတွေ လည်း ဝယ်လိုအားမရှိတာကြောင့် အခက်အခဲ ဖြစ်သလို စားသုံးသူတွေ အနေနဲ့ လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဟင်းသီးဟင်းရွက် စားသုံးနိုင်မှုမှာပါ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။

ထို့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေ ကြောင့် စိုက်ပျိုးထွက်ရှိ တဲ့ဒေသ နဲ့ ရန်ကုန်ဈေးကွက်မှာ ဈေးထက်ဝက်ခန့်  ပိုများတယ်လို့သိရပါတယ်။

"အောင်ပန်းမှာ ခရမ်းချဉ်သီးတစ်ပိသာ ကို ၃၂၀၀၊ ၃၇၀၀ကျပ်၊ ဂေါ်ဖီတစ်ပိသာထုပ် ဆို ၃၈၀၀ကျပ် ဝန်းကျင်ပဲရှိတယ်ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး က နယ်မြေမအေးချမ်းတာရယ် မိုးကာလ လမ်းပျက်စီးတာတွေရယ် စတာတွေကြောင့် အချိန်က ခန့်မှန်းလို့မရဘူး ကုန်စိမ်းဆိုတာမျိုးကလည်း ပျက်စီးလွယ်တဲ့ အရာ အဲ့တော့ ရောင်းသမားတွေက လည်း အခုလို ဈေးတင်ထားမှ လည်း သူတို့အတွက် အဆင်ပြေတာ ဆိုတော့ နောက်ဆုံးတော့ လဲ ဘာအကြောင်းပဲ ဖြစ် ဖြစ် စားသုံးသူက ခံရတာပေါ့ အဲ့တော့ ဈေးကြီးမြင့်တဲ့ဒဏ် ကို စားသုံးသူတွေ ခံနေရတာ"လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံ မှပိုင်ရှင် တစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းမှု လမ်းပန်းဆက်သွယ်ရေး ထိခိုက်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်ပေါ်နေလို့ ပြည်သူတွေ စားဝတ်နေရေး အကျပ်အတည်းတွေဖြစ်ပေါ်နေပါတယ်။

 

 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026