NEWS

ဟင်းသီးဟင်းရွက်ကုန်စိမ်းဈေးတက်နေပြီး ကန်စွန်းရွက်တစ်စီး ၁၀၀၀ ကျပ်ထိဖြစ်လာ

CoverLogo
441 Views
အခြေခံပြည်သူတွေအားထားစားသောက်နေရတဲ့ကုန်စိမ်း (ဟင်းသီးဟင်းရွက်)တွေဟာအဆမတန်ဈေးမြင့်တက်နေပြီးကန်စွန်းရွက်တစ်စည်းကို ကျပ်တစ်ထောင်ကျော်ထိပေးဝယ်ရတယ်လို့အိမ်ရှင်မတွေကပြောပါတယ်။
 
လက်ရှိမှာစက်သုံးဆီအခက်အခဲကြောင့်လည်းဈေးနှုန်းတွေထပ်မံမြင့်တက်လာမှာကိုပြည်သူတွေကလည်းစိတ်ပူနေကြပါတယ်။
 
"ဟိုတစ်နေ့က(၁၂၀၀)ပေးရတယ်။ဒီနေ့တော့တစ်ထောင်ပေါ့။အဲဒါကန်စွန်းရွက်ဈေးနော်။တစ်ခါမှကန်စွန်းရွက်ကိုထောင်ကျော်ပေးပြီစားရမယ်မတွေးဖူးဘူး။အခုတော့မကြားဖူးတဲ့ဈေးတွေဖြစ်နေတယ်။ပြောမယ်ဆိုအသားမစားနိုင်လို့ဟင်းသီးဟင်းရွက်ဝယ်စားဖို့တောင်မလွယ်တော့ဘူး"လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့အိမ်ရှင်မတစ်ဦးကပြောပါတယ်။
 
ကြက်ဥ၊ အာလူး၊ မျှစ်၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ ပဲသီးအစရှိတာတွေဟာအခြေခံလက်လုပ်လက်စားပြည်သူတွေအားပြုစားသောက်နေရတာဖြစ်ပြီးလက်ရှိမှာတော့ဈေးတွေအဆမတန်မြင့်တက်နေတာကြောင့်စားဝတ်နေရေးပိုခက်လာတာပဲဖြစ်ပါတယ်။
 
"အာလူးက ငါးရာဈေးပေးရတယ်။ မျှစ်ကလည်း ငါးရာဈေး။ ပြောင်းဖူးတစ်ဖူး ငါးရာ၊ ပဲပင်ပေါက်ဆိုလည်း ငါးရာပဲ။ ငါးရာဖိုးနဲ့ကျ တစ်အိမ်လုံးလည်း စားမရဘူး။ အသားဟင်းမစားဘဲ ဟင်းသီးဟင်းရွက်တောင် တစ်ခွက်ရဖို့ သုံးထောင်လောက် သုံးရမယ်။ ‌ညမနက်ဆို ဒီထက်မကဘူးပေါ့။ ရှေ့ဆက်ပြီး ထမင်းတွေ့လို့ ဟင်းမတွေ့တွေပဲ များလာတော့မယ်"လို့ လခစားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
 
လက်ရှိ အခြေအနေကတော့ ကုန်ပစ္စည်းပြတ်လပ်တာ၊ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ဝယ်ယူသူတွေတင်မကဘဲ ရောင်းချသူတွေပါ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
 
"အရင်လို ကုန်စုံအောင်မတင်နိုင်တော့ဘူး။ အရောင်းအဝယ်က ကျတယ်။ အရင်းကတက်လာတယ်။ ပထမဟာလေးရောင်းပြီး ထမင်းစားမိတယ်။ ထက်တယ်မယ်လုပ်တော့ ကိုယ်စားမိတာက အရှုံးဖြစ်သွားတယ်။ အရင်းကထပ်တက်ပြီး အမြတ်မရှိဘူး။ အခုက ဈေးရောင်းရတဲ့ငွေကို ထမင်းမစားရဲတော့ဘူးဖြစ်နေပြီ"လို့ ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောပါတယ်။
 
ကျပ်ငွေတန်ဖိုးကျဆင်းလာတဲ့နောက်ဆက်တွဲအခက်အခဲတွေကိုအခြေခံပြည်သူတွေကအများဆုံးခံစားနေရပြီးစားဝတ်နေရေးတွေပိုမိုခက်ခဲလာတာပဲဖြစ်ပါတယ်။
 
Photo-HTH

Related posts

Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026