NEWS

လှိုင်သာယာ ဝေဖြိုးဟိန်းဈေးက ဆိုင်ခန်း တွေကို ဆက်လက်ဖြိုချနေ

CoverLogo
1.4K Views

လှိုင်သာယာမြို့က လူနေအိမ်နဲ့ ကျူးကျော်တွေကို ဖြိုချနေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဒီဇင်ဘာလ ၂ ရက်က ထုတ်ပြန်တိုက်တွန်းထားပေမယ့် စစ်ကောင်စီနဲ့ စည်ပင်သာယာအဖွဲ့တွေက လူနေအိမ်နဲ့ ဆိုင်ခန်း တွေကို ဘူဒိုဇာတွေနဲ့ ဆက်လက်ဖြိုချနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက်ပိုင်း ၇ နာရီ လောက်မှာပဲ လှိုင်သာယာမြို့နယ် အဆင့်မြင့်ရပ်ကွက်၊ ပီမိုးနင်းလမ်းမကြီးရှိ ဝေဖြိုးဟိန်းဈေးက ဆိုင်ခန်းတွေကို   စစ်ကောင်စီက ဖြို့ချဖျက်ဆီးနေတာပါ။

ရုတ်တရက် အကြောင်းမကြားပဲ အဖြိုခံလိုက် ရတော့ ပစ္စည်းတွေ တောင် မသိမ်းလိုက်ရဘူး။ တချို့ အထည်ဆိုင်တွေဆိုရင် အထည်တွေပါ ပါသွားတယ်။ ၂ ထပ်တိုက်ကို လဲ ဘူဒိုဇာနဲ့ ထိုးဖြိုသွားတယ်။ တယောက်ဆို ရောဂါအခံလဲ ရှိတော့ ဆုံးသွားတယ်။ သူတို့ကို တားမရဘူး လို့ ဆိုင်ရှင်တဦးက ပြောပါတယ်။

ယခုလို လာရောက်ဖြိုချ နေမှုကို စစ်ကောင်စီတပ်တွေက လုံခြုံရေး အင်အား အများအပြားယူထားပြီး  ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စည်ပင်ဌာန က ဝန်ထမ်းတွေနဲ့ အပေါင်းအပါတွေက အတင်းအဓမ္မဖြိုချနေတာပါ။အဲ့ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ လူ ၃ ဦးလဲ ဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။


Related posts

Cover
ဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံးဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံး
Sep 08, 2025
Cover
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ စလစ်ရပြီး စာအုပ်မထွက်သူများနေ
Sep 08, 2025
Cover
မြန်မာက ဆာလောင် အာဟာရချို့တဲ့မှုတွေအတွက် ကိုရီးယားက ကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုး
Sep 07, 2025
Cover
မြန်မာရှိ လူ ၃ ဦးလျှင် ၁ ဦး နှုန်း ဝမ်းရေးမဖူလုံမှုနှင့် ရင်ဆိုင်နေရဟု WFP ထုတ်ပြန်
Sep 07, 2025
Cover
ဆေးဝါးဈေးမြင့်တက်ပြီး ပြတ်လပ်မှုကြုံနေရ
Sep 02, 2025
Cover
Sky Villa ကွန်ဒို ပြိုကျမှုကြောင့် သေဆုံးသူများ အတွက် တစ်ဦး ကို သိန်း ၁၀၀ ကျပ် ပေးမည်ဟု ငလျင်လှုပ်ပြီး ၅လ အကြာတွင်ကြေညာ
Sep 02, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025
Cover
မြို့နယ်အချို့ကို ကုန်ပစ္စည်းပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်
Aug 29, 2025