NEWS

လှိုင်သာယာသောင်ကြီးရဲစခန်း ၄၀မမ ဖြင့်ပစ်ခတ်ခံရ၊ ရဲအများအပြားသေဆုံးနိုင်

CoverLogo
6.6K Views

ဒီကနေ့မနက်ပိုင်းမှာပဲ မဟူရာစစ်ဆင်ရေးစတင်တဲ့အနေနဲ့ Hty Gulliance Force နဲ့ Area-21ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးလှိုင်သာယာမြို့နယ်ထဲကသောင်ကြီးရဲစခန်းကို ၄၀မမ အမျိုးအစားဗုံးပစ်လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သက်ဆိုင်ရာအဖွဲ့တွေကသတင်းထုတ်ပြန်ပါတယ်။

သောင်ကြီးရဲစခန်းအတွင်းမှာမနက်ပိုင်းတန်းစီနေတဲ့အချိန်မှာပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲအများအပြားသေဆုံးဒဏ်ရာရဖွယ်ရှိတယ်လို့သိရပါတယ်။

Civilguerrilla forceofhty ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာတော့

  1. ယနေ့ မနက် 8 နာရီ မိနစ် 10အချိန်တွင် အနော်ရထာ လမ်းမကြီး ရှိ သောင်ကြီး ရဲ စခန်း  ရှိ အလံရှေ့တွင် စုဝေး အလေးပြုချိန် တွင် မိမိတို့  CGF HTY နှင့် လှိုင်သာယာ၏ မဟာမိတ် တော်လှန်ရေး ညီအကိုများဖြစ်သော Spring  Revolution  Flames ( SRF) တို့မှ  "မဟူရာ "စစ်ဆင်ရေး  ဟု သတ်မှတ်ကာ  M79 Grenade launcher ဖြင့် 40 mm  ဗုံးသီး  1 လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စုဝေး အလေးပြုနေသော ရခများထိခိုက်သေဆုံးနိုင်ကြောင်း နှင့် စစ်ကူရောက်လာသော စကစ များအား  အဝေး ထိန်း ဗုံး 4 လုံး ဖြင့် ဆက်လက်တိုက်ခိုက် ရန် စီစဉ်ထားသော်လည်း  စကစ များ၏ ဂျန်ပါ များ မိသွားသောကြောင့် ပျက်ပြယ်ခဲ့ရပြီး 
    ရဲဘော်များအားလုံး အန္တရယ် ကင်းစွာ ဆုတ်ခွါ နိုင်ခဲ့ပါပြီ။
  2. " မဟူရာ " စစ်ဆင်ရေး ဟု အမည်ပေးထားသော  ၎င်း Mission ကဲ့သို့ နောက်ပိုင်းတွင်လည်း  တော်လှန်ရေး အရှိန် ကို တဆင့်ထပ်တိုးပြီး အရင်ထက် မတူခြားနားတဲ့ Mission များကို ဆက်လက် စီမံ ဆောင်ရွက်ပြီး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်" လို့ဖော်ပြပါရှိပါတယ်။ 

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026