NEWS

လှိုင်သာယာမှာကျည်ဆန်ဝင်သွားတဲ့စမူဆာဘင်လာဒင်နှင့်တနေ့တာသတင်းအကျဥ်းချုပ်

CoverLogo
3.7K Views

ဒီကနေ့ကတော့ပွဲဦးထွက်မှာလှိုင်သာယာမှာ အစိုးရသုံးဆက်လောက်ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဘင်လာဒင်ပစ်သတ်ခံလိုက်ရတဲ့သတင်းကစမှာပါ။

  • ပြည်တွင်းပစ်ခတ်မှု့နဲ့သတင်း​ပေးဒလန်ရှင်းလင်းခံရမှု့

ဒီကနေ့မနက်ပိုင်း၉နာရီလောက်မှာပဲလှိုင်သာယာ၁၀ရက်ကွက်ကစစ်ကောင်စီသတင်းပေးရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဘင်လာဒင်(ခေါ်)ကျော်မင်းဦးပစ်သတ်ခံလိုက်ရပါတယ်။

သူကပြည့်တန်ဆာခေါင်းလုပ်တဲ့အပြင်ရပ်ကွက်ထဲလဲမိုက်ကြေးပတ်ခွဲနေတဲ့သူလို့ဒေသခံတွေကမှတ်ချက်ပြုထားပါတယ်။

နောက်တယောက်ကတိုက်ကြီးမြို့နယ်ထဲကYMBAအသင်းဥက္ကဌဖိုးဝကြီးပါ။ဖိုးဝကြီးကတော့ချက်ချင်းမသေးပါဘူး။မဂ်လာဒုံစစ်ဆေးရုံ​ပေါ်တက်သွားပြီးမှကြွတယ်လို့ဆိုပါတယ်။

ပြည်တွင်းခုခံတိုက်ခိုက်မှု့တွေအနေနဲ့ကတော့စစ်ကိုင်းတိုင်းကလေးဖက်မှာကြမ်းနေတယ်လို့ဆိုရမှာပါ။

မနေ့က ကလေးတောင်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းငယ်တခုကိုစစ်ကောင်စီတပ်တွေဝင်စီးပြီးဆေးတပ်ဖွဲ့ကအမျိုးသမီးငယ်၈ဦးနဲ့အမျိုးသား၂ဦးကိုဖမ်းပြီးမြောက်မြန်မာဖက်မှာပွဲခံကြပါတယ်။

ဒီလိုပွဲခံတဲ့နောက်ဆက်တွဲကတော့ဒီနေ့မနက်ပိုင်းတွေမှာပဲကလေးလေယာဥ်ကွင်းလက်ပစ်ဗုံးနဲ့ထုခံလိုက်ရတဲ့အပြင်တာဟန်းရပ်ကွက်ကစခန်းလဲအပစ်ခံရလို့ရဲတကောင်ကြွသွားပါတယ်။

ကြားဖြတ်သတင်းအနေနဲ့ကတော့ပုဏ္ဏားကျွန်း၅၅၀တပ်ရင်းမှာခေါက်ဆွဲခြောက်ပြုတ်စားနေတဲ့တပ်ကြပ်ကြီးဘစောချေကိုတန်းစီတဲ့အချိန်မှာကတောက်ကဆဖြစ်ခဲ့တပ်သားကပစ်သတ်လိုက်လို့သေတာပါ။

ခင်ဦးညောင်ပင်ကြီးအကြမ်းဖက်ရဲစခန်းကိုဒေသခံPDFကမီးမြှိုက်ပါတယ်။မြှိုက်နေတုန်းလာအညှော်ခံတဲ့စကစ ကားယဥ်တန်းထပ်မိုင်းဆွဲခံရပါတယ်။ဒါကိုတော့ Khin U Local Guerrilla Force နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကလုပ်တယ်လို့ဆိုပါတယ်။

MNDAA ကတော့ထုံးစံအတိုင်းစကစတပ်တွေလာကပ်တဲ့ လက်နက်ပ​​ဒေသာပင်ကိုအငြိမ်လက်ခံနေဆဲပါ။

  • ပြည်သူများဖမ်းဆီးသတ်ဖြတ်ခံရမှု့

ချင်းပြည်နယ်မတူပီ ငလိုင်ရွာကညီအကိုအသင်းတော်ကခရစ်ယာန်ဓမ္မဆရာတဦးဖြစ်တဲ့ဦးငိုင်ကုန်းကိုစစ်တပ်ကဖမ်းပြီးစစ်ကြောရေးမှာသတ်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာ၂၃ရက်နေ့ကဦးငိုင်ကုန်းနဲ့ရွာသားတချို့ကိုဖမ်းသွားပြီးနှစ်လကြာမှသေပြီလို့အကြောင်းကြားလာတာလို့ဆိုပါတယ်။

သပိတ်ကျင်းဖက်မှာတော့CDM ကေျာင်းဆရာတဦးဖြစ်တဲ့ကိုဇော်မင်းအောင်ကိုစစ်တပ်ကနေ့လည်ကဖမ်းသွားပြီးညနေ၅နာရီမှာပဲစစ်ကြောရေးမှာသတ်ခဲ့တယ်လို့သိရပါတယ်။သူဖမ်းဆီးခံရတာဟာPDFနဲ့ဆက်သွယ်တယ်ဆိုပြီးဒလန်သတင်းပေးတာလို့ဆိုပါတယ်။

#ပြည်တွင်းသပိတ်တိုက်ပွဲအခြေအနေ

ရန်ကုန်မန္တလေးနဲ့အနယ်နယ်အရပ်ရပ်ကစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကတော့အင်ပြည့်အားပြည့်ရှိနေဆဲပါ။ဒီနေ့မှာထူးခြားတာကစစ်ကောင်စီတပ်တွေဝိုင်းဖိနေတဲ့သန်လျင်မှာသပိတ်တိုက်ပွဲတခုဘွားခနဲထွက်လာတာပါ။

  • စကစတွေအတော်လဲပြာယာခတ်သွားတယ်လို့သိရပါတယ်။
    ပြည်ပလှုပ်ရှားမှု့

မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေနဲ့တက်ကြွလှုပ်ရှားသူတွေစုပြီးမလေးကမြန်မာသံရုံးရှေ့မှာစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြကြခဲ့ကြတယ်လို့သိရပါတယ်။

ဒါကတော့ဒီနေ့ Myanmar Labour Newsရဲ့သတင်းအနှစ်ချုပ်ပါ။ 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026