NEWS

လှိုင်မြစ်ထဲ သို့ သင်္ဘောကုန်တင်ချ လုပ်သားတစ်ဦး ပြုတ်ကျကာပျောက်ဆုံးနေ

CoverLogo
436 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားအနီး ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောကုန်တင်ကုန်ချ ပြုလုပ်တဲ့ လုပ်သားတစ်ဦးမှာ လှိုင်မြစ်ထဲသို့ ပြုတ်ကျပျောက်ဆုံးနေတယ်လို့ မြေပြင်‌ အကူအညီပေးရန် ရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရအသင်းထံကနေ သိရပါတယ်။ 

မတ်လ ၅ရက် နေ့ ညနေ ၄နာရီဝန်းကျင်ခန့်က သင်္ဘောကုန်အတင်အချ ပြုလုပ်နေစဉ်မှာ လှိုင်မြစ်ထဲ ကို ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

""ပြုတ်ကျချိန် လုပ်ဖော်ကိုင်ဘက် ၂ ဦး အသက်အန္တရာယ်ကြားက လိုက်လံ ကယ်ဆယ်ပေမယ့် ရေစီးသန်နေတဲ့အတွက်ကြောင့် သူတို့ ၂ ဦးတောင် ကံကောင်းပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အခုအချိန်ထိလည်း ပြန်မတွေ့သေးပါဘူး ""လို့
ကနောင် လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူကပြောပါတယ်။

ပြုတ်ကျသွားတဲ့ လုပ်သား မှာ အသက်၁၉နှစ် အရွယ် ဖြစ်ပြီး လှိုင်မြစ်ထဲကို ပြုတ်ကျစဉ် ရေစီးနဲ့မျောပါ ပြီး သင်္ဘော ဝမ်းဗိုက် အောက်ထဲ ကို ရောက်ရှိသွားတယ်လို့ ယူဆရကာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026