စစ်အာဏာသိမ်း မှု ကို အကြောင်းအမျိုးမျိုးနဲ့ ဆန်ကျင်တဲ့ ပြည်သူတွေ ဖမ်းဆီး ထောင်ချခံရ ပြီး လွတ်ရက်စေ့ လို့ ပြန်လည်လွတ်မြောက် လာသူတွေ ကို ထောင်ဗူး၀ အရောက် ပုဒ်မ အမျိုမျိုး တပ်ပြီး ပြန်လည်ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသား /သူ ၇၄ ဦး ထိရှိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက်(PPNM)က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ရက်က လည်း လွတ်ရက်စေ့ ပြီး ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည် ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-က နဲ့ ထောင်ဗူးဝမှာပဲ ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မမိုးဆန်းစုကြည်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု(လက်ရှိအင်းစိန်ထောင်အဖမ်းခံထားရသူ)ရဲ့ သမီး ဖြစ်ကာ ပုဒ်မ ၅၀၅ ကနဲ့ ၁၇(၁)တို့ ဖြင့် အဖမ်းခံခဲ့ရသူဖြစ်ပါတယ်။
စစ်ကောင်စီမှ နိုင်ငံရေးအကျဉ်းသားတွေ ကို လွတ်ရက်စေ့တဲ့ တိုင်အောင် ထောင်ဗူးဝမှာပဲ ပုဒ်မ အမျိုးမျိုးတပ်ကာ ပြန်လည်ဖမ်းဆီး အမှုတပ်နေတာဟာ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ PPNM က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ မမိုးဆန်းစုကြည်အပါအဝင် ပြန်လည်ဖမ်းဆီးခံရသူ ၇၄ ဦး အထိရှိ ပြီ ဖြစ်တယ်လို့ သိရပါတယ်။