NEWS

လာအိုရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလုပ်ငန်းခွင်ဖိနှိပ်ခံရမှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပေါ်လာ

CoverLogo
410 Views

စစ်ကောင်စီရဲ့ နှစ်နိုင်ငံသဘောတူစာချုပ် MoU ထိုးပြီးမကြာခင်လပိုင်းအတွင်းမှာပဲ လာအိုရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ငန်းခွင်ဖိနှိပ်မှုတွေ ကြောင့် ဆန္ဒပြတောင်းဆိုမှုတွေပါ ဖြစ်လာတယ်လို့ သိရပါတယ်။ 

 

"နိုင်ငံအရငွေကြေးအရ ကိုယ့်နိုင်ငံထက်နိမ့်ကျအစစအရာရာအကုန်နိမ့်ကျတာ။ နိုင်ငံဆင်းရဲတော့ လစာအရ နည်းတာပေါ့။ အလုပ်ကတော့ဘယ်နိုင်ငံသွားသွားအကုန်လုပ်ကြရတာပါပဲ။ စရိတ်ငြိမ်းဆိုပေမဲ့ သူတို့ ကျွေးတာတွေစားမရတော့ ကိုယ့်ဘာသာစားစရိတ်တွေရှိတာပေ့ါ၊ ဖုန်းဘေကအစ။ ဝန်ကြီးတစ်ယောက်အနေနဲ့ MoU ထိုးပေးတဲ့အဆင့်ထိတော့အခုလို မရှိသင့်ဘူးလို့ထင်ပါတယ်" လို့ ပြည်ပအလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ 

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီဟာ လာအိုနိုင်ငံနဲ့ နိုင်ငံသဘောတူအရ  မြန်မာအလုပ်သမားတွေကို အနိမ့်ဆုံးလုပ်ခလစာ ဒေါ်လာ ၂၅၀ နဲ့ MoU ရေးထိုးခဲ့တာဖြစ်ပါတယ်။  

 

အဲဒီနောက် လာအိုနိုင်ငံသို့မြန်မာအလုပ်သမားတွေ  အေဂျင်စီနဲ့  စာချုပ်ချုပ်စဉ်က ဒေါ်လာ (၂၅၀)၊ လုပ်ခ အား ဒေါ်လာနှင့် ရရှိမယ်လို့ချုပ်ဆိုခဲ့ကြပြီး ရောက်ရှိလုပ်ကိုင်ကြတာဖြစ်ပေမဲ့လည်း  လာအိုလုပ်ငန်းရှင်တွေဟာ ဒေါ်လာ (၂၅၀)ပြည့်အောင် မပေးချေ တဲ့အပြင် လာအို ငွေနဲ့သာ ရှင်းပေးနေတာတွေ  လုပ်ငန်းခွင်ဖိနှိပ်မှုတွေနဲ့  မြန်မာအလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံမှုများပြုလုပ်လာတာကြောင့်  မြန်မာအလုပ်သမားတွေ တောင်းဆိုမှုတွေရှိလာတာလို့ သိရပါတယ်။  

 

ပြီးခဲ့တဲ့ မတ် ၂၁ရက်နေ့က  လာအို နိုင်ငံရှိ TRIMAX  အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ စာချုပ်ပါအတိုင်း  လစာငွေ အပြည့်အဝ မရရှိခြင်းစက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းတွေနဲ့ ခွဲခြားဆက်ဆံခြင်းတွေအတွက်  တောင်းဆိုချက် (၄) ချက်ဖြင့် စတင်ပြီး ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့လည်း  သိရပါတယ်။  

 

မြန်မာအလုပ်သမားတွေဟာ အလုပ်ခေါ်စဉ်က စာချုပ်ပါအတိုင်း တလ လုပ်အားခ ဒေါ်လာ (၂၅၀)ရရှိရေး ၊ လုပ်ငန်းခွင် ဖိနှိပ်မှုပြဿနာများ ဖြေရှင်းပေးရေး၊  မြန်မာ အလုပ်သမားများအား ခွဲခြားဆက်ဆံမှု မပြုလုပ်ဘဲ တန်းတူ အခွင့်အရေးပေးရေး၊  စားသောက်စရိတ် လာအိုငွေ( kip) 5 သိန်း ရရှိရေး  စတဲ့တောင်းဆိုချက် တွေတောင်းဆိုခဲ့တာဖြစ်ရာ  မတ် ၂၂ရက်မှာတော့ ပြေလည်မှုရရှိခဲ့တာလို့သိရပါတယ်။ 

 

"တစ်ကယ်ပါ အဲ့ဒီစက်ရုံတစ်ရုံတည်းဖြစ်နေတာမဟုတ်ဘူး။ လာအိုနိုင်ငံမှာရှိတဲ့စက်ရုံတိုင်းလိုလိုဖြစ်နေတာ။ တောင်းဆိုနေတာကြာပြီ ဘာဒေါ်လာမှမရဘူး" လို့  လာအိုရောက်မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။  

 

မြန်မာပြည်က အလုပ်သမားတွေဟာ ပြည်တွင်းအာဏာသိမ်းမှုဖြစ်စဉ်တွေ  စစ်မှုထမ်းဖမ်းဆီးခံရမှုတွေ၊ အလုပ်အကိုင်ရှားပါးမှု၊  လုပ်ခ လစာနည်းပါးမှုတွေအပြင်  ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုတွေနဲ့အထွေထွေအကြပ်အတည်းတွေကြောင့် ပြည်တွင်းအလုပ်သမားအများ စုဟာ   ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ခွာအလုပ်လုပ်ကိုင်နေကြရတာပဲဖြစ်ပါတယ်။ 

 

အဲဒီလိုထွက်ခွာကြရပေမဲ့လည်း  အလုပ်သမားတွေဟာ ပြည်တွင်းကဖိနှိပ်မှုတွေအပြင်  ပြည်ပမှာပါ ချိုးဖောက်မှုတွေအပြင်အလုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေကိုပါ  ရင်ဆိုင်နေကြရတာဖြစ်တာပဲဖြစ်ပါတယ်။


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026