NEWS

ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ

CoverLogo
359 Views
 
တောင်ကိုရီးယား နိုင်ငံ မှာ ထပ်မံ သွားရောက်အလုပ်လုပ်ကိုင်နိုင်မယ့် ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK)ကို ဖြေဆိုသူ ၇၀၀ ကျော်သာ ရှိတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ကိုရီယားနိုင်ငံမှ တခေါက်ပြန် EPS လုပ်သားတွေ ဝင်ရောက် ဖြေဆို နိုင်တဲ့ စာမေးပွဲ ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်
တွေနဲ့ ပြည့်မီတဲ့ ဖြေဆိုခွင့်ရှိသူ ၅,၇၀၀ ကျော် ရှိပေမယ့် ဖြေဆိုရန် လျှောက်ထားသူအရေအတွက် ဟာ ၇၇၀ ဦး သာရှိတယ်လို့ သိရပါတယ်။
 
တောင်ကိုရီးယားနိုင်ငံမှာ အနည်းဆုံး ၃ နှစ်အထက် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ၂၀၁၀ ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သူတွေ နောက်တကြိမ် ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် Special EPS-TOPIK စာမေးပွဲကို ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာခဲ့ပါတယ်။
လက်တွေ့မှာတော့ EPSစာမေးပွဲအောင်ထားတဲ့ လူသစ်တွေ တောင် အလုပ်ရရှိတဲ့ပမာဏ နည်းနေသလို ယခင်အထူးသီးသန့်စာမေးပွဲ ဖြေဆိုအောင်မြင်ထားပြီး အလုပ်မရရှိသူတွေ ရှိတာကြောင့် အခုလို ဖြေဆိုသူနည်းတာ ဖြစ်တယ်လို့ စာမေးပွဲကိုရီးယားသွားရောက်အလုပ်လုပ်ရန်စောင့်ဆိုင်းနေသူတွေကပြောပါတယ်။
 
""စာမေးပွဲ အောင်တိုင်လဲ သွားရတာ မဟုတ်ဘူးလေ စာမေးပွဲကြေးတွေ အချိန်တွေ ကုန်တာဘဲ အဖတ်တင်မှာ အရှေ့က စာမေးပွဲအောင်ပြီး မသွားရသေးတဲ့တခေါက်ပြန်တွေ အများကြီး အဲ့တော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ ကိုက်ညီပေမယ့် ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားပြီး ဝင်မဖြေကျတော့တာ""လို့ EPSစာမေးပွဲအောင်မြင်ထားသူ တစ်ဦးကပြောပါတယ်။
ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲလျှောက်လွှာကို အွန်လိုင်းကနေ စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာလျှောက်ထားခွင့်ပေးခဲ့ပြီး စာမေးပွဲကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိကျင်းပမှာဖြစ်ကာ အောင်စာရင်းကိုတော့ အောက်တိုဘာ ၃၀ ရက်မှာထုတ်ပြန်ပေးမယ်လို့ ကြေငြာထားပါတယ်။
 
စားပွဲအောင်မြင်သူများသာ နိုင်ငံခြားသား လုပ်သားခေါ်ယူမူစနစ်အရ အလုပ်လျောက်လွှာတင်ခြင်းလုပ်ငန်းစဥ်များ ဆောင်ရွက်နိင်မှာဖြစ်ပေမယ့် ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ရာနှုန်းပြည့်ရမယ်လို့ အာမ မခံဘူးလို့ POEAက အသိပေးထားပါတယ်။

Related posts

Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026