ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့တွင်ရှိသော(ရေပူရေအေးခွက်စက်ရုံ)တွင်အလုပ်လုပ်နေသော မြန်မာ (MOU/CIဘတ်သစ်)ကိုင်ဆောင်ထားသောအလုပ်သမားကျား(၈၃)ဦးမ(၆၇)ဦးစုစုပေါင်း(၁၅၀)ဦးတို့သည်စက်တင်ဘာလနှင့်အောက်တိုဘာလ လစာမရရှိဘဲအလုပ်ထုတ်ခံခဲ့ရသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံသို့အကူအညီတောင်းခံလာကြောင်းသိရပါတယ်။
အဆိုပါအလုပ်သမား၁၅၀ဦး၏စက်တင်ဘာလ လစာနှင့်အောက်တိုဘာလ လစာများမထုတ်ပေးသဖြင့် အလုပ်သမားများမှတောင်းရာ အောက်တိုဘာ ၁၀ ရက်နေ့တွင်ပေးမည်ဟုစက်ရုံမှရက်ချိန်းခဲ့သော်လည်းမပေးခဲ့သည့်အတွက် အောက်တိုဘာ၁၅ရက်မှစကာ အလုပ်မဆင်းဘဲနေခဲ့ရာ အောက်တိုဘာ၁၆ရက်တွင် စက်ရုံသူဌေးမှအလုပ်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
"အခုကအလုပ်သမားတွေရဲ့အချက်အလက်တွေယူနေပါတယ်။သူတို့ကမြန်မာပွဲစားတွေနဲ့ဝင်ထားတော့အမှုဖွင့်ဖို့ပွဲစားတွေရဲ့အချက်အလက်စုနေတုန်းပါ။လူဦးရေ၁၀၀ကျော်ပွဲစား၁၀၀ ကျော်ဖြစ်နေ ပွဲစားတွေက စမတ်ကြေးတွေကျန့်ခေါက်ခတွေယူပြီး ငါးသန်းတွေမှာ သွားထိုးထားတာတွေဖြစ်နေတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
အဆိုပါအလုပ်သမား ၁၅၀ ဦးသည် ထိုစက်ရုံမှာအလုပ်လုပ်နေသည်မှာ သုံးလမှခြောက်လအထိရှိကြပြီဖြစ်ပြီး ချွန်ပူလီဘောဝင်းတွင်ရှိသော ဘတ်ငါးသန်းပွဲစားကို စမတ်ကြေးဘတ်၈၀၀၀နှင့် ကျန့်ခေါက်ခ ဘတ် ၄၅၀၀ပေးကာ စက်ရုံသို့အလုပ်ဝင်ထားခဲ့ကြခြင်းဖြစ်ပါတယ်။