ထိုင်းနိုင်ငံ လယောင်ခရိုင် ဘန်းခိုက်မြို့တွင်ရှိသော(အပူပေးစက်ထုတ်လုပ်သည့်စက်ရုံ)တွင် အလုပ်လုပ်နေသော (MOU/PJ)ကိုင်ဆောင်ထားေသာမြန်မာအလုပ်သမားကျား၊ မ(၁၄)ဦးတို့၏လုပ်ခလစာနှင့် ကျန့်ခေါက်ခများပြန်လည်ရရှိအောင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း (WAG)အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
အဆိုပါအလုပ်သမား ၁၄ ဦးသည် မတ်လ၂၇ရက်တွင် ကြားစပ်ကုမ္ပဏီနှင့် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး စက်တင်ဘာ၁၅ရက်နေ့တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံခဲ့ရခြင်းအတွက် ကြားစပ်ကုမ္ပဏီကိုအကူအညီတောင်းခံသော်လည်းတာဝန်ယူမရှိသောကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ စက်တင်ဘာ ၃၀ တွင် အလုပ်သမားများ၏ ရသင့်ရထိုက်သော နစ်နာကြေးနှင့် ထိတ်လန့်ကြေးရရှိရန်တွက်မြို့နယ်ဆဝါဒိကန်ရုံးတွင် သွားရောက်ကူညီတိုင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
"အောက်တိုဘာ၂၀မှာလုပ်လစာပြန်လည်ရရှိသွားပြီ။ကျန့်ခေါက်ကြေးလည်းပြန်လည်ရရှိသွားပါပြီ။အလုပ်သမားတွေကတစ်ယောက်နဲ့တစ်ယောက်ငွေပမာဏ မတူတော့ဘယ်လောက်လဲမသိတော့မမေးဖြစ်လိုက်ဘူး။အကုန်လုံးတော့လစာနဲ့ ကျန့်ခေါက်ကြေးပြန်ရသွားပါပြီ"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းက Myanmar Labour News ကိုပြောပါတယ်။
အလုပ်သမားများအနေဖြင့်လုပ်ခလစာနှင့် ကျန့်ခေါက်ကြေးများပြန်လည်ရရှိသော်လည်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ဖြုတ်ခဲ့ခြင်းအတွက် နစ်နာကြေးနှင့်ထိတ်လန့်ကြေးများရရှိရန်ကူညီဆောင်ရွက်လျက်ရှိကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။