NEWS

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီး အဆက်အသွယ် မရဖြစ်နေသောမြန်မာနိုင်ငံသား ၈၉ ဦးကို စာအုပ်လာထုတ်ဖို့ တိုကျိုရှိမြန်မာသံရုံးကြေညာ

CoverLogo
221 Views
 
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ထဲက မြန်မာသံရုံးတိုကျိုမှာ နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းတိုးပြီး ကာယကံရှင်တွေနဲ့ အဆက်သွယ်မရဖြစ်နေတဲ့ မြန်မာနိုင်ငံသား၈၉ဦး ကို စာအုပ်တွေ လာရောက်ထုတ်ယူဖို့တိုကျိုရှိ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
 
မြန်မာသံရုံး တိုကျိုအနေနဲ့ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်တွေကို လူကိုယ်တိုင်လျှောက်ထားရင်၎င်း၊စာတိုက်မှ လျှောက်ထား၍၎င်း ကောင်စစ်ဆိုင်ရာ ကိစ္စရပ်တွေကို လုပ်ဆောင်ပြီးတဲ့အခါ ကာယကံရှင်တွေထံ စာတိုက်ကတစ်ဆင့် ပြန်လည်ပေးပို့ပေမယ့် လက်ခံမယ့်သူ မရှိတာကြောင့် သံရုံးသို့ ပြန်လည် ရောက်ရှိလာတယ်လို့ဆိုပါတယ်။
 
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီး မထုတ်ယူရသေးတဲ့ သူတွေထဲမှာ အလုပ်အကိုင်အတွက် ထုတါပေးထားတဲ့ PJနိုင်ငံကူးလက်မှတ်အမျိုးအစား အလည်အပတ်အတွက်ထုတ်ပေးထားတဲ့ PVနိုင်ငံကူးလက်မှတ်နဲ့ကျောင်းသား၊ပညာတော်သင်စတဲ့သူတွေ အတွက် ထုတ်ပေးတဲ့ PEနိုင်ငံကူးလက်မှတ် အမျိုးအစား တွေကို တွေ့ရပါတယ်။
 
နိုင်ငံကူးလက်မှတ် ထုတ်မယူရသေးတဲ့ သူတွေ အနေနဲ့ မြန်မာသံရုံးရဲ့ ကြေညာချက်နဲ့အတူ သံရုံးသို့ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။
 
ဂျပန် နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဖို့ ကို online appointmentစနစ်ဖြင့်ရက်ချိန်း ရယူ ပြီး လုပ်ဆောင်နိုင်သလို သံရုံးကိုလူကိုယ်တိုင်လာရောက်လျှောက်ဖို့ အခက်ခဲ ဖြစ်တဲ့ ဝေးလံဒေသ ရောက် မြန်မာနိုင်ငံသားတွေကို စာတိုက်ကတစ်ဆင့် ပေးပို့လျှောက်ထား နိုင်တယ်လို့ မြန်မာသံရုံးတိုကျိုထံမှ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026