NEWS

တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ

CoverLogo
243 Views
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ် ဘန်မိုကိုထိုင်းဒေသတစ်ဝိုက်သို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ၂၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း (Naresuan Force's Rajmanoo Task Force)ကယနေ့အောက်တိုဘာ ၁၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။
 
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်ဖုတ်ဖရာရဲစခန်းတာဝန်ရှိသူများနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်းကင်းလှည့်နေစဥ် ဝါလေတိုင် -မော်ကဲလ်ထိုင်းကျေးရွာအနီးမှာ သံသယဖြစ်ဖွယ်ကားနှစ်စီးကိုရပ်တန့်စစ်ဆေးခဲ့ရာမှာမြန်မာအလုပ်သမားများအဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။
 
အဆိုပါကားနှစ်စီးအားမသက်ာသဖြင့်စစ်ဆေးရာမှ တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား အမျိုးသား ၁၈ဦးနှင့်အမျိုးသမီး၅ဦးတို့ကို ထိုင်းနိုင်ငံသားယာဥ်မောင်းနှစ်ဦးနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
 
မြန်မာအပါအဝင် လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်နိုင်ငံများမှထိုင်းနိုင်ငံတွင် အခြေခံအလုပ်သမားအဖြစ် တရားမဝင်လာရောက်လုပ်ကိုင်နေသူများအား တရားဝင်စေရန်ထုတ်ပေးသည့် ဘတ် ၊ပန်းရောင်ကဒ်ပြုလုပ်ပေးရန်အောက်တိုဘာ ၁၅ရက်နေ့စတင်မည်ဖြစ်ကြောင်းထိုင်းအစိုးရမှကြေညာပြီးနောက် အောက်တိုဘာ၁၆ရက်တွင် ထိလွယ်ခိုက်လွယ်တဲ့ နယ်စပ်ပြသနာကြောင့် ဘတ် ခေါ် ပန်းရောင်ကဒ်ပြုလုပ်ခြင်းကိုယာယီရွှေ့ဆိုင်းထားချိန်ဖြစ်သောကြောင့် ထိုင်းနိုင်ငံအတွင်းအဖမ်းအဆီးများပိုမိုတင်းကျပ်လာနိုင်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများမှသိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026