NEWS

လက်လီဆန်ဆိုင်များတွင် ဆန်ကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန် နှင့်လိုက်နာမှုမရှိပါက အရေးယူမည်ဟုဆို

CoverLogo
959 Views

ရပ်ကွက်များ၊ ဈေးများ နဲ့ မြို့ရွာ တွေ အတွင်း မှာ ဖွင့်လှစ်ရောင်းချနေတဲ့ လက်လီ ဆန်ဆိုင် တွေ အနေနဲ့ ပြည်တွင်းစားသုံးမှုများ တဲ့ဆန် တွေ ကို စားသုံးသူများထံသို့  သတ်မှတ် ရည်ညွှန်းဈေးများ အတိုင်း ရောင်းချ ပေး ဖို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဇူလိုင် ၈ရက် မှာ  တိုက်တွန်းနှိုးဆော် ထားပါတယ်။

ဆန်ဈေးနှုန်းတည်ငြိမ်ရေး အစီစဉ် မှာ ဆန်စက်တွေ၊ ပွဲရုံ တွေ နဲ့ ကုန်စည်ဒိုင် တွေ ပါဝင်တဲ့ လက်ကားဈေးကွက် ဟာ သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချနေပေမယ့် လက်လီ ဆန်ဆိုင်တွေ မှာ လက်လီပြန်လည်ရောင်းချတဲ့အခါ သတ်မှတ်ဈေး အတိုင်း ရောင်းချမပေးတာတွေရှိနေသေးတယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒါကြောင့်လက်လီ ဆန်ဆိုင်တွေ အနေနဲ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းနဲ့အညီ ပစ္စည်းမှန် ဈေးနှုန်း မှန် အလေးချိန်မှန် အရည်သွေး မှန်စွာရောင်းချပေးဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က တိုက်တွန်းထားပါတယ်။

သတ်မှတ်ဈေးထက်ပိုရောင်းချမှု တွေ ကို ထိရောက်စွာ ဖော်ထုတ်အရေးယူမှု များ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများ ဥပဒေ ၊စားသုံးသူအကာကွယ်ပေးရေးဥပဒေ တို့နဲ့ တရားစွဲ ဆိုထားတာ တွေ လည်း ရှိတယ်လို့ ဆိုပါတယ်။

"အခုဆန်ဈေးကျအောင် အစီစဉ်တွေ  လုပ်တယ်ဆိုပေမယ့် အခုထိ ရပ်ကွက်ထဲ မှာ ဝယ်စားရတာ အရင်နဲ့ ဈေး မကွာပါဘူး ဈေးကျလာတာလဲ မရှိဘူး   လက်လီဆိုင်တွေကပဲ ဈေးချပြီး မရောင်းတာလား တော့မသိဘူး အခု လက်လီဆန်ဆိုင်တွေ အနေနဲ့ ရည်ညွှန်းဈေးအတိုင်းပဲရောင်းရမယ်လို့ ကြေညာထားတယ်ဆိုတော့ ဆန်ဈေးကျလာမလား ဆိုတာ အခြေနေ စောင့်ကြည့်ရမှာပေါ​့ "လို့ စားသုံးသူ တစ်ဦးကပြောပါတယ်။

ပြည်တွင်းစားသုံးတဲ့  ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ပေါ်ဆန်းဆန်များ၊ ရက် ၉၀၊ ပခန်း၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော စသည့်ဆန် တွေ ကို စားသုံးသူများထံသို့ လက်လီရောင်းချတဲ့သူတွေအနေနဲ့  သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ထုတ်ရောင်းပေးဖို့   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကတိုက်တွန်းထား သလိုဆန်ပွဲရုံ၊ ဆန်စက်၊ ကုန်စည်ဒိုင်များထံမှ ရည်ညွှန်းဈေးဖြင့် ဆန်ဝယ်မရခြင်းနှင့် အရည်အသွေးမပြည့်ပါက  တိကျခိုင်လုံတဲ့ အချက်အလက်တွေနဲ့ MRF ထံ အသိပေးတိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
Twitter Link - https://twitter.com/mm_labournews
Gmail Link- myanmarlabournews@gmail.com


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026