NEWS

ရွှေပြည်သာ ဝါးတရာစက်မှုဇုန် ရှိ မွမွလေး အကြော်စက်ရုံ မီးလောင်မှု ဖြစ်ပွား

CoverLogo
594 Views

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ရှိ မွမွလေးအကြော်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ မှ သိရပါတယ်။ 


"အကြော် ကြော်တဲ့နေရာ မှာ အပူလွန်ကဲပြီး လောင်တယ်လို့ သိရတယ် တာဝန်ရှိသူတွေတော့ စစ်ဆေးနေကျတယ် မီးက မိနစ် ၂၀လောက် လောင်တာဆိုတော့ အကြော်ခန်းက စက်ပစ္စည်းတွေတော့ လောင်သွားတယ် ဆုံးရှုံးမှုတန်ဖိုးတော့ မသိရသေးဘူး""လို့ ရွှေပြည်သာမြို့နယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။ 


ယခုမီးလောင်မှု မှာ စက်ရုံ အတွင်း လုပ်သား တွေ ရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့  သိရပါတယ်။ 


ဇူလိုင် ၃၀ရက် မနက် ၇နာရီ ၁၅မိနစ် ခန့်က ဝါးတရာစက်မှုဇုန် ငမိုးရိပ်လမ်းရှိ မွမွလေးအကြော်စက်ရုံ မီးလောင်ခဲ့ကာ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ( ၃) စီး၊ မီးသတ်ရေသယ်ယာဥ် ( ၃) စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ( ၂) စီး၊ ဒေသခံလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ၇ နာရီ ၂၉ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 


Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026