NEWS

ရေဘေးကြောင့် ပဲခူးမြို့မှာ လူပေါင်း နှစ်သောင်းနီးပါး ယာယီရေဘေးရှောင်စခန်း(၂၇)ခု မှာ ပြောင်းရွှေ့နေရ

CoverLogo
428 Views

ပဲခူးမြစ်ရေ မြင့်တက်လာတဲ့ အတွက် ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့်  ယာယီရေဘေးရှောင်စခန်း(၂၇)ခု ဖွင့်လှစ်ထားရှိ ပြီး လူပေါင်း နှစ်သောင်းနီးပါး ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေ ထံ က သိရပါတယ်။

ဇူလိုင် ၂၇ ရက်ကစပြီး ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ထက် ၂ ပေခန့်ကျော်လွန် ရောက်ရှိရာကနေ ဇူလိုင်၂၉ရက် မှာတော့ စိုးရိမ် ရေမှတ် ထက် ၄ ပေ ကျော် လွန် ရောက်ရှိနေကာ မြို့နယ် အတွင်းနေရာအတော်တော်များများမှာ ရေကြီးနစ်မြုပ်မှု တွေ ဖြစ်နေတယ်လို့ သိရပါတယ်။

"ပဲခူးမြို့ထဲ က ရေအတော်လေးများနေပြီ ရေစီးက အရမ်းသန်တယ် အချို့နေရာတွေမှာရေစီးထဲပါမှာစိုးလို့ ကြိုးတားပြီး လမ်းလျှောက်နေရတယ်  ကယ်ဆယ်ရေး အဖွဲ့ တွေ လည်း နေရာအနှံ့ ရှိတယ် အခုနေ့လယ်ခင်းမှာ ရေက ပိုတက်လာတယ် အခုလဲ ပဲခူးဈေးကြီးထဲက  ဈေးရုံတွေထဲရေတွေမဝင်ဖို့ကို သဲအိတ်တွေနဲ့တားဆီးတာတွေ လုပ်နေရတယ်"လို့ ဒေသခံလူမှုကူညီရေးအသင်းမှအသင်းသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင်  ပဲခူးမြို့မဈေးကြီး၊ ဇိုင်းဂနိုင်း(မြောက်)၊ ဇိုင်းဂနိုင်း(တောင်)၊ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ပုဏ္ဏားစု စတဲ့ ရပ်ကွက်စတဲ့ နေရာ တွေ မှာ  ရေကြီးရေလျှံမှုတွေ ဖြစ်နေတာ လို့ဆိုပါတယ်။ 

"မြို့ထဲက အမြင့်ဘက်က ရှိတဲ့  ဘုန်းကြီးကျောင်းတွေ မှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရတယ် ညက မိုးကလည်း အရမ်းရွာ တော့ တချို့နေရာတွေ ဆိုရေက တက်လာတာမြန်တော့ ညတွင်း ချင်း ရွှေ့ရတာအရင်တခါ ရေကြီးတာ  ဖြစ်ဘူးတော့လူမှုကူညီရေးအသင်းတွေ ဒေသ ခံ တွေ ကြိုတင် ပြင်ဆင်တာတွေ လုပ်ထားပေမယ့် လိုအပ်ချက်ကတော့ ရှိတာနေတုန်းဘဲ အခုကယ်ဆယ်ရေးစခန်းတွေ မှာ ထမင်းထုပ်တွေ သောက်သုံးရေတွေ လိုအပ်တယ် ရေကထပ်တက်မှာဆိုတော့ ရွှေ့ပြောင်းနေထိုင်ရသူ ထပ်တိုးလာဖို့လည်းရှိနိုင်တယ်""လို့ မြိုခံလူမှုကူညီရေးအသင်းက အသင်းဝင်တစ်ဦးကပြောပါတယ်။

ပဲခူးမြို့အတွင်းရေကြီးနစ်မြုပ်နေတဲ့ အတွက် ပဲခူးမြို့ရှိ အခြေခံကျောင်းတွေ ယာယီ ပိတ်ထားရကာ ဇူလိုင်လ လပတ်ကျောင်းစစ်စာမေးပွဲကိုလည်း နောက်ဆုတ်ထားရတယ်လို့သိရပါတယ်။

ပဲခူးမြစ်ရေဟာ နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမယ်လို့ စစ်ကောင်စီရဲ့ မိုလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026