NEWS

ရန်ကုန် Job Fair မှာ အလုပ်သမားမှတ်ပုံတင် ၂၈၀ ကျော် ထုတ်ပေး

CoverLogo
312 Views
 
ရန်ကုန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) မှာ အလုပ်လာလျှောက်တဲ့ အလုပ်သမားတွေအတွက် အလုပ်သမားမှတ်ပုံတင် ၂၈၃ ခု ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ မြို့နယ်ခန်းမမှာ အောက်တိုဘာ ၂၄ ရက်က ကျင်းပ ပြုလုပ်ခဲ့တာပါ။
 
ပြပွဲမှာ အလုပ်လာရောက် လျှောက်ထားတဲ့သူတွေကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အလုပ်သမား မှတ်ပုံတင်တွေကို One Stop Service နဲ့ ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။
 
အလားတူ ရန်ကုန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) မှာ လုပ်ငန်းအမှာစာ ၁၃၅၂ ခု ရရှိခဲ့တယ်လို့ သိရ ပါတယ်။
 
ရန်ကုန်အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) မှာ ပြည်တွင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေ၊ ကုမ္ပဏီတွေ နဲ့ စက်မှုဇုန်အလိုက် ပြခန်းတွေ ပါဝင်ပြသခဲ့ပါတယ်။
 
ပြည်တွင်း အလုပ်အကိုင် အေဂျင်စီ အနေနဲ့ ပြခန်း (၂၉) ခန်း၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် အနေနဲ့ ပြခန်း (၁၄) ခန်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ် အနေနဲ့ ပြခန်း (၁၁) ခန်း စုစုပေါင်း ပြခန်း (၅၅) ခန်းတို ပါဝင်ပြသခဲ့တယ်လို သိရပါတယ်။
ပြပွဲအခမ်းအနားကို အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ လုပ်ငန်းရှင်တွေနဲ့ အလုပ် အကိုင်ရှာဖွေနေသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026