NEWS

ရန်ကုန်-မန္တလေး အမြန်လမ်းတိုးဂိတ်မှာ ကား ၅ စီးဆင့်တိုက်မှုဖြစ်ပွား  အမျိုးသမီးတစ်ဦးသေဆုံး

CoverLogo
672 Views

ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိတ်တွင် နိုဝင်ဘာ၃ရက် မနက်အစောပိုင်းမှာ ကားငါးစီးဆင့်တိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းကို မနက် ၄နာရီမှ စတင် အသုံးပြုခွင့်ပေးတာဖြစ်ပါတယ်။ 

တိုးဂိတ်ကို ဖြတ်သန်းမောင်းနှင်ခွင့်ရဖို့ ကားတန်းအရှည်ကြီး ဟာ မနက် ၄နာရီမတိုင်ခင် တန်းစီစောင့်တိုင်းနေချိန်မှာ ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ အနောက်ကနေ ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

"မနက်၄နာရီမှဖွင့်မဲ့ ရန်ကုန်အဝင် ဇီးရိုးမိုင်ဂိတ်မှာ စောင့်ပီးတန်းစီနေတဲ့ ကားတန်းကြီးကို အနောက်ကနေဝင်ကြုံးသွားတာ။ ကျနော့်ရှေ့တင်ဖြစ်သွားတာ။ အနောက်ကနေအရှိန်နဲ့ကြုံးတဲ့ ရွှေပွင့်ဖြူကား။ အရှိန်တော်တော်များတော့ ရှေ့ကတန်းစီထားတဲ့ လေးစီးဆင့်တိုက်ခံရပြီ ပေါင်း၅စီးဆင့် Accident ဖြစ်သွားတာ"လို့ ကားတိုက်မှုက မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ 

အရှိန်နဲ့ ကားငါးစီး ဆင့်တိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသားနှစ်ဦးကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ 

Photo-MFSD

 


Related posts

Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025
Cover
ဆန်တန်ချိန်၂၅ တန်နှင့်အထက်သိုလှောင်ရုံများအား မှတ်ပုံတင်ခိုင်း၊ လစဉ် ကုန်ရ ကုန်ထုတ် စာရင်းများပါပေးပို့ရမည်ဟုဆို
Oct 30, 2025
Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025