NEWS

ရန်ကုန်လေဆိပ်အခွန် ငါးဆနီးပါး တိုးမြှင့်ကောက်ခံ

CoverLogo
391 Views
 
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် (PSC) ကို လာမယ့် မေလ၁၂ရက်ကစပြီး တိုးမြှင့်ကောက်ယူမယ်လို Yangon International Airport (YIA) က ထုတ်ပြန် လိုက်ပါတယ်။ အဲ့လေဆိပ်ခွန်ကို လေယာဉ်လက်မှတ် ဈေးနှုန်းထဲမှာ တစ်ပါတည်း ထည့်သွင်းရောင်းချပြီး လက်ရှိ ပြည်ပ ခရီးစဉ်အတွက် ၂၅ ဒေါ်လာ၊ ပြည်တွင်း ခရီးစဉ်အတွက် ကျပ်တစ်သောင်းခွဲ အထိ တိုးမြှင့် ကောက်ခံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကာလက ပြည်တွင်း ခရီးစဉ်အတွက် ရန်ကုန်လေဆိပ်ခွန်က ကျပ် ၃၀၀၀ ဝန်းကျင်သာ ရှိခဲ့တာ ကြောင့် ငါးဆနီးပါး တိုးမြှင့်ကောက်ခံတာလို့ နားလည်ရပါတယ်။
Passenger Service Charge (PSC) ဆို တာ လေဆိပ် ဒါမှ မဟုတ် လေယာဉ်ကွင်းတွေမှာ ခရီးသည်တွေကို ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုအတွက် ကောက်ခံတဲ့ အခကြေးငွေဖြစ်ပြီး Airport Tax (လေဆိပ်အခွန်)လိုလည်း ခေါ်ဆိုတယ်လို့ သိရပါတယ်။
တိုးမြှင့်လိုက်တဲ့ လေဆိပ်အခွန်ကို မေလ ၁၂ ရက် နဲ့ မေလ၁၂ရက်နောက်ပိုင်း ခရီးသွားဖို လေယာဉ်လက်မှတ် ကြိုတင် ဝယ်ယူထားသူတွေလည်း ပေးဆောင်ရမယ်ဆိုတာကြောင့် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေ ဒါမှမဟုတ် ခရီးသွားအေဂျင်စီတွေဆီ ဆက်သွယ်ပြီး ထပ်မံ ပေးဆောင်ရမယ်လို Yangon International Airport ရဲ့ Website မှာ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025