NEWS

ရန်ကုန်မြို့တွင် ၄ နာရီ အလှည့်ကျ လျှပ်စစ်မီးဖြန့်ဝေပေမဲ့ မိနစ် အနည်းအငယ်သာ သုံးခွင့်ရ

CoverLogo
713 Views
 
ရန်ကုန်မြို့မှာ တရက် လေးနာရီ အလှည့်ကျ လျှပ်စစ်ဖြန့်ဝေ နေပေမဲ့ မိနစ် အနည်းငယ်သာ သုံးခွင့်ရတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။ မတ် ၂၈ ရက် စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးကတည်းက အလှည့်ကျစနစ်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က ရန်ကုန်မြို့ကို အုပ်စု ၆ အုပ်စု ခွဲပြီး ၄ နာရီ အလှည့်ကျ စနစ်နဲ့ ဖြန့်ဖြူးမယ်ဆိုပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“ ၄ နာရီ အုပ်စုတွေ ခွဲတယ်ဆိုပြီး ကိုယ့်အလှည့်က ဘယ်ချိန်လာမယ် မသိဘူး၊ ငလျင်လှုပ်ပြီးကတည်းက မိနစ် နည်းနည်းလေးပဲ လာသေးတယ်။ လျှော်ရေးဖွတ်ရေး၊ စားသောက်ရေးတွေ ဒုက္ခရောက်ရတယ်။ အဓိကတော့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဖို့ပါ။ အခုဟာက ဘယ်အချိန်၊ ဘယ်လိုရမယ်ဆိုတာ ဘာမှမသိရဘူး။ “ လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။
YESC က ခွဲထားပေးတဲ့ လျှပ်စစ်မီးပေးဝေမဲ့ အုပ်စုတွေကို မြိုနယ်တွေ ဖော်ပြထားတာ မရှိသလို မြို့နယ် လျှပ်စစ်ရုံးကို မေးမြန်းရာမှာလည်း ဆက်သွယ်ရမဲ့ ဖုန်းတွေအားလုံးကို ပိတ်ထားတယ်လို့ ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်လိုင်းတွေ ထိခိုက်ခဲ့ရပြီး လက်ရှိ လျှပ်စစ် ဓါတ်အားကို ဓါတ်ငွေသုံးနဲ့ ဒီဇယ်ဓါတ်အားသုံး စက်တွေကနေ ထုတ်လုပ်နေရတယ်လို့ နီးစပ်သူတွေက ပြောဆိုပါတယ်။
“အခုက တနေကုန်မှ ၄ နာရီဆိုတော့ ဝိုင်းသုံးရတယ်။ လျှပ်စစ်ဓါတ်အားလာတဲ့ ချိန်မှာကို ခဏခဏ ပြတ်တယ်။ တနာရီလောက်ကို အပြည့်မလာတာ။ တကယ်လာတဲ့ အုပ်စုကို မေးကြည့်တော့ ၂ နာရီလောက်ပဲ ရတယ်။ အဲ့ဒီ နှစ်နာရီမှာ ကို ၁၀ မိနစ် တခါလောက်ပျတ်တယ်။ ကျွန်မတို့ဆီတော့ ၁၅ မိနစ်လောက်လာပြီး ပျက်သွားတယ်။ ပြန်မလာတော့ဘူး။ ထမင်းလည်းမကျက်၊ သုံးရေလည်း မရ ဖြစ်ရတာ။” လို့ ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ရှင်မတဦးက ပြောပါတယ်။
ဒီကနေ့ မတ် ၃၀ ရက် မနက် ၃ နာရာခွဲမှာ အလုံဓာတ်အားပေးစက်(၁)လုံး ရပ်တန့်သွားပြီးနောက် လည်ပတ်နေတဲ့ ဓာတ်အားပေးစက်အားလုံး ဆက်လက်ရပ်တန့်ခဲ့ပြီး ရန်ကုန်ဓာတ်အားပေးစနစ် ယာယီ ချိုယွင်းမှု ဖြစ်ပွားခဲ့တယ်လို့ YESC က နောက်ဆုံးထုတ်ပြန်ထားပါတယ်။ ဒီလို ထုတ်ပြန်ပြီးနောက်ပိုင်း ရန်ကုန်မြို့က နေရာတချို့မှာ လျှပ်စစ်မီးဖြန့်ဖြူးမှုတွေ ရှိနေပေမဲ့ မိနစ် အနည်းငယ်သာ သုံးစွဲခွင့်ရတယ်လို့ ဒေသတချို့က ပြောကြားထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026