NEWS

ရန်ကုန်မြစ်အတွင်း ကျောင်းသားကျောင်းသူ တွေလိုက်ပါလာတဲ့ သမ္ဗာန်တစ်စီးတိမ်းမှောက်မှုဖြစ်ပွား ပျောက်ဆုံးသူများရှိနေ

CoverLogo
489 Views
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာ မှာ ကျောင်းသား၊ကျောင်းသူတွေအပါအဝင် ခရီးသည် အချို့ လိုက်ပါလာတဲ့ သမ္ဗာန်တစ် စီးတိမ်းမှောက်မှုဖြစ်ပွားကာ ပျောက်ဆုံးသူများလဲရှိနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ဒေသခံများထံ က သိရပါတယ်။
 
ဇူလိုင်လ ၁၀ရက် မနက် ၈နာရီ ၁၀မိနစ် ခန့်က. ဖြစ်ပွားခဲ့ကာ လက်ရှိတွင် ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၈)ဦး ကို ကယ်ဆယ်နိုင်ခဲ့ကာ ပျောက်ဆုံးသူ ၉ဦး ကျန်ရှိသေးတယ်လို့ သိရပါတယ်။
 
""မောင်းလာတဲ့ စက်လှေက ဒိုက်ငြိလို့ ဖြုတ်နေတဲ့ အချိန် ရပ်ထားတဲ့သင်္ဘောကို ဝင်တိုက်တာ လှေပေါ်မှာက တစ်ဖက်ကျောင်းသား တွေ ပါလာတာ များတယ် အခု ရှာမတွေ့သေးတဲ့ထဲမှာလဲ ကျောင်းသား /သူ တွေပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဆက်ပြီးရှာနေကြတယ်""လို့ကြည့်မြင်တိုင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူတွေ ကို အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
 
Photo- ရောင်စင်မဲ့လူမှုကူညီရေးအသင်း
 

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026