NEWS

ရန်ကုန်နှင့် အချို့ဒေသများတွင် မီးပျက်ချိန်များလာပြီး လျှပ်စစ်ဓါတ်အားရရှိမှုလျော့နည်းလာ

CoverLogo
481 Views

ဓာတ်အားလိုင်း ချို့ယွင်းနေ တဲ့ အတွက်   ယနေ့အထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပို့လွှတ်နိုင်မှု (၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင်  လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့်  လျော့နည်းရရှိနေတယ်လို့ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်၊ ည(၇)နာရီ(၅၄)မိနစ်အချိန်လောက်ကလည်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းကို 230kV    မန်စံ-ရွှေစာရံလိုင်း အမြဲတမ်းအပြစ် Permanent. fault)  ဖြစ်တဲ့ အတွက် တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။

ရန်ကုန်နဲ့ အလားတူပဲ အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း လျှပ်စစ်ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေ ကပြောဆိုထားပါတယ်။

ဓာတ်အားလိုင်း. ချို့ယွင်းနေတဲ့ အတွက်   ယနေ့အထိ နိုင်ငံ တော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များ မှ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပို့လွှတ်နိုင်မှု. (၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင်  လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့်  လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌ တဲ့  ဓာတ်အားပမာဏထက် ၂၀ရာခိုင်နှုန်းနေ့စဉ်ယူနစ် (၅ဒသမ ၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့တဲ့ အတွက်  အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။

"မီးပျက်တာနွေတုန်းကလည်းနွေမို့လို့ မိုးတွင်းလိုကျပြန်တော့လဲ မျှော်လင့်လို့မရပြန်ဘူး။ မီးမမှန်တော့ နောက်ဆက်တွဲ အလုပ်တွေအကုန်လိုက်ပြီး နှောင့်နှေးကုန်တယ်။ အခြေအနေက တော်တော်ကို ဆိုးနေပြီ လျှပ်စစ်မီးတောင် သေချာမပေးနိုင်တော့ဘူး"လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေမှာလည်း သုံးစွဲ၀န်အားထက် လျော့ချပြီး  ဓာတ်အားဖြန့်ဖြူးနေရပါကြောင်း၊ အရေးပေါ်၀န်အား  ထိန်းညှိ‌မှုဆောင်ရွက်ရခြတာတွေ ကြောင့်.   မြို့နယ်အချို့ မှာ ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026