NEWS

မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို

CoverLogo
32 Views
 
နိုင်ငံသားစိစစ်ရေးကတ်အတု ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှု တွေရှိနေတယ်လို့ စင်္ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာပါတယ်။
 
စင်ကာပူနိုင်ငံ မှာ နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံး၊ စင်ကာပူမြို့အနေ နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်း၊ ထောက်ခံစာများထုတ်ပေးခြင်းတို့ ကို ဆောင်ရွက်ပေးရာမှာနိုင်ငံသားစိစစ်ရေးကတ်ပြား အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားတာတွေ စိစစ်တွေ့ရှိရတယ်လို့ ကြေညာထားပါတယ်။
 
၎င်းနိုင်ငံသားစိစစ်ရေးကတ်ပြား အတုတွေကို စင်္ကာပူရှိ မြန်မာအမျိုးသမီးတစ်ဦးက ၎င်းရဲ့ Tiktok မှတစ်ဆင့် အခကြေးငွေ ယူပြီး ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ သိရှိရကြောင်း သံရုံးက ထုတ်ပြန်ထားပါတယ်။
 
အခုလို နိုင်ငံသားစိစစ်ရေးကတ်ပြား အတု နဲ့ နိုင်ငံသားစွန့်လွှတ်ကြောင်း ထောက်ခံစာ လျှောက်ထားတာ မှာ စိစစ်တွေ့ရှိရပါကသံရုံးအနေနဲ့ ထောက်ခံစာထုတ်ပေးမှာ မဟုတ်ဘဲ စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်နယ်စပ်ဂိတ်များ အာဏာပိုင်အဖွဲ့ (ICA)သို့ ဆက်သွယ် အကြောင်းကြားသွားမယ်လို့ အသိပေးထားပါတယ်။
 
ထို့ကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလိုတရားမဝင် တဲ့ ကိစ္စတွေကို အခကြေးငွေ ယူပြီး နိုင်ငံသား အချင်းချင်း လိမ်လည်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု တွေ မပြုလုပ်ကျဖို့နဲ့ ပြုလုပ်ပေးကြောင်း စိစစ်တွေ့ရှိပါက ၎င်းပုဂ္ဂိုလ် ကို ထိရောက်စွာ အရေးယူမယ်လို့ အသိပေး ကြေညာထားပါတယ်။
 

Related posts

Cover
အငှားအိမ်ရာ တိုက်ခန်း များ အား ပြန်လည် ငှားရမ်း၊ရောင်းချသူများကိုနေထိုင်ခွင့်ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်
Feb 21, 2026
Cover
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လစဉ်ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာများ ရင်ဆိုင်နေရ
Feb 20, 2026
Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026