NEWS

မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ

CoverLogo
196 Views
 
ရွေးကောက်ပွဲ ကာလ အတွင်း နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူတွေကို မြို့နယ် အသီးသီးရှိ လ၀က ရုံးတွေမှာ ရုံးပိတ်ရက်မရှိ ပျက်စီးပျောက်ဆုံးတဲ့ နိုင်ငံသား ကတ်ပြား တွေကို ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင်ရဲ့
 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က အသိပေးကြေညာ ပါတယ်။ စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲ မှာ ပြည်သူတွေ မဲပေးပိုင်ခွင့် မဆုံးရှုံး ဖို့ မြို့နယ် အသီးသီး မှာရှိတဲ့ လ၀က ရုံး တွေမှာ အထူးကိစ္စရပ် အနေနဲ့ ရုံးပိတ်ရက် မရှိ ဖွင့်လှစ် ဆောင်ရွက်ပေးတာလို့ အသိပေးထားပါတယ်။
 
မြေပြင် အခြေနေမှာတော့ နိုင်ငံသား ကတ်ပြား (မှတ်ပုံတင်)ပျက်စီး၊ပျောက်ဆုံး တဲ့ ပြည်သူတွေ ဟာ သက်ဆိုင်ရာ မြို့နယ် လ၀က ရုံးတွေမှာသွားရောက် လုပ်ဆောင်ရာ တွင် ငွေကြေး များစွာ ပေးဆောင်ရတာတွေရှိပြီး လွယ်ကူစွာ မရရှိဘူး ပြည်သူတွေက ပြောပါတယ်။
 
"ကြေညာတာ က တော့ အလကား လုပ်ပေးနေသလို ဘဲ တကယ့် မြေပြင်မှာ ပိုက်ဆံမပေးရင် လ၀က ဝန်ထမ်း တွေက မလုပ်ပေးဘူး မှတ်ပုံတင် ပျောက်လို့ သွားပြန်လျှောက် ရင် အနည်းဆုံး ငါးသောင်းကျပ်ကနေ သိန်းချီပေးနေရတာ သွေးနှော တွေ ဆိုပိုဆိုးတယ် အမျိုးမျိုး ရစ် ပြီး ကို တောင်းနေတာ "လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦး ကပြောပါတယ်။
 
စစ်ကော်မရှင်ရဲ့ ကြေညာချက် မှာတော့ နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် လဝက ရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးထားသလို မိမိတို့ ကိုင်ဆောင်တဲ့ နိုင်ငံသားကတ်ပြားတွေ ပျက်စီး/ပျောက်ဆုံးမှု မရှိဘဲ ပျက်စီး/ ပျောက်ဆုံးမှုကို အကြောင်းပြကာ ထပ်မံ တင်ပြတောင်းခံပြီး နိုင်ငံသားကတ်ပြား တစ်ခုထက် ပိုမိုကိုင်ဆောင်ရင် ဥပဒေ နဲ့အညီ ထိရောက်စွာ အရေးယူခံရမှာ ဖြစ်တယ်လို့ အသိပေး နှိုးဆော်ထားပါတယ်။

Related posts

Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026