NEWS

မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်

CoverLogo
421 Views
 
မြန်မာ့ရွှေဈေးဟာ ဒီကနေ့ ဧပြီ ၁၁ရက် မနက်ပိုင်းမှာ ရွှေတစ်ကျပ်သားကျပ်သိန်း ၇၃သိန်း အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒီပေါက်ဈေးက ၃ရက်အတွင်း တကျပ်သားကို ကျပ် ၅သိန်း နီးပါးအထိ ဈေးခုန်တက်ခဲ့တာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ရွှေဈေး ဒီရက်အတွင်းမှာ ၅သိန်းနီးပါးအထိခုန်တက်လာတယ်။ တစ်ရက်တည်းမှာကို ၃သိန်းလောက် အထိ တက်လာတာ။ မနေ့က တကျပ်သား တစ်သိန်းကျော်တက်တယ်။ တစ်နေ့က ၉သောင်းကျော်တက်တယ်။ ဒီအခြေအနေမှာ ဝယ်ပါရောင်းပါပြောရခက်တဲ့အချိန်ပါ”လို့ ရွှေဈေးခန့်မှန်းသူတစ်ဦးက ပြောပါတယ်။
မြန်မာ့အခေါက်ရွှေဈေးဟာ ဧပြီ ၈ရက်က တစ်ကျပ်သား ၆,၈၁၀,၀၀၀ ၊ ဧပြီ ၉ရက်မှာတော့ ၆,၉၄၀,၀၀၀ ၊ ဧပြီ ၁၀ရက်မှာ ၇,၀၂၀,၀၀၀ ဈေးဖြစ်ခဲ့ပြီး ဒီကနေ့ ဧပြီ ၁၁ရက် မနက်ပိုင်းမှာတော့ ၇,၃၀၀,၀၀၀ မြင့်တက် နေတာ ဖြစ်ပါတယ်။ ၁၅ပဲရည် ရွှေဈေးကတော့ တစ်ကျပ်သား ၆၅သိန်းကျော်ကနေ ဒီကနေ့မှာ ၆,၈၇၀,၀၀၀ အထိ မြင့်တက်နေပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဧပြီ၈ရက်က တစ်အောင်စလျှင် ၂၉၉၇ဒေါ်လာရှိခဲ့ရာကနေ ဒီကနေ့ ဧပြီ ၁၁ရက်မှာတော့ ၃၂၁၈ ဒေါ်လာအထိ ဆက်တိုက် မြင့်တက်လာနေတာတွေ့ရပါတယ်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာနဲ့အတူ မြန်မာ့ရွှေဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းကတော့ ဧပြီ ၈ရက်ကနေ ဒီကနေ့ဧပြီ ၁၁ရက် အထိ ၅၆သိန်းတစ်သောင်းနဲ့ ၃ရက်အတွင်းကျပ်တစ်သောင်းသာမြင့်တက်ပြီး သတ်မှတ်ပေးထားတာတွေ့ရပါတယ်။
Photo- Credit

Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025