NEWS

မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်

CoverLogo
516 Views
 
မြန်မာ့ရွှေဈေးဟာ ဒီကနေ့ ဧပြီ ၁၁ရက် မနက်ပိုင်းမှာ ရွှေတစ်ကျပ်သားကျပ်သိန်း ၇၃သိန်း အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒီပေါက်ဈေးက ၃ရက်အတွင်း တကျပ်သားကို ကျပ် ၅သိန်း နီးပါးအထိ ဈေးခုန်တက်ခဲ့တာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ရွှေဈေး ဒီရက်အတွင်းမှာ ၅သိန်းနီးပါးအထိခုန်တက်လာတယ်။ တစ်ရက်တည်းမှာကို ၃သိန်းလောက် အထိ တက်လာတာ။ မနေ့က တကျပ်သား တစ်သိန်းကျော်တက်တယ်။ တစ်နေ့က ၉သောင်းကျော်တက်တယ်။ ဒီအခြေအနေမှာ ဝယ်ပါရောင်းပါပြောရခက်တဲ့အချိန်ပါ”လို့ ရွှေဈေးခန့်မှန်းသူတစ်ဦးက ပြောပါတယ်။
မြန်မာ့အခေါက်ရွှေဈေးဟာ ဧပြီ ၈ရက်က တစ်ကျပ်သား ၆,၈၁၀,၀၀၀ ၊ ဧပြီ ၉ရက်မှာတော့ ၆,၉၄၀,၀၀၀ ၊ ဧပြီ ၁၀ရက်မှာ ၇,၀၂၀,၀၀၀ ဈေးဖြစ်ခဲ့ပြီး ဒီကနေ့ ဧပြီ ၁၁ရက် မနက်ပိုင်းမှာတော့ ၇,၃၀၀,၀၀၀ မြင့်တက် နေတာ ဖြစ်ပါတယ်။ ၁၅ပဲရည် ရွှေဈေးကတော့ တစ်ကျပ်သား ၆၅သိန်းကျော်ကနေ ဒီကနေ့မှာ ၆,၈၇၀,၀၀၀ အထိ မြင့်တက်နေပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဧပြီ၈ရက်က တစ်အောင်စလျှင် ၂၉၉၇ဒေါ်လာရှိခဲ့ရာကနေ ဒီကနေ့ ဧပြီ ၁၁ရက်မှာတော့ ၃၂၁၈ ဒေါ်လာအထိ ဆက်တိုက် မြင့်တက်လာနေတာတွေ့ရပါတယ်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာနဲ့အတူ မြန်မာ့ရွှေဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းကတော့ ဧပြီ ၈ရက်ကနေ ဒီကနေ့ဧပြီ ၁၁ရက် အထိ ၅၆သိန်းတစ်သောင်းနဲ့ ၃ရက်အတွင်းကျပ်တစ်သောင်းသာမြင့်တက်ပြီး သတ်မှတ်ပေးထားတာတွေ့ရပါတယ်။
Photo- Credit

Related posts

Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026
Cover
မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ
Jan 08, 2026
Cover
၁၁နှစ်အတွင်း အလုပ်အကိုင် ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား ၄၀၀၀၀ ကျော် ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ဟု ဆို
Jan 08, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ
Dec 23, 2025