NEWS

မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်

CoverLogo
36 Views
 
ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် သင်္ကြန်ကာလမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားရုံးပိတ်အသိပေးချက် ၃ ချက်ကိုထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေဌာမှ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
 
အဆိုပါထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေဌာကနေလာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း အလုပ်ရှင်များနဲ့ အလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် အလုပ်ပိတ်ရက် သတ်မှတ်ခြင်း၊ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများအတွက် စည်းကမ်းချက်နဲ့ဘေးကင်းလုံခြုံရေး သတိပေးချက် တွေပါဝင်တဲ့အချက်၃ချက်ကိုထုတ်ပြန်ဖော်ပြလာတာလည်းဖြစ်ပါတယ်။
 
ဒါကြောင့်ထိုင်းနိုင်ငံတွင်းက အလုပ်ရှင် အလုပ်သမားတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ရန်မှာအလုပ်ပိတ်ရက် သတ်မှတ်ခြင်းက ​ဧပြီလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိ ကို ရုံးပိတ်ရက် (သို့မဟုတ်) ရိုးရာအားလပ်ရက်အဖြစ် သတ်မှတ်ပေးရန်။​
အကယ်၍ အဆိုပါနေ့ရက်များက အလုပ်သမားရဲ့ ပုံမှန်အပတ်စဉ် နားရက်နဲ့ တိုက်ဆိုင်နေပါက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေအရ နောက်တစ်ရက်ကို အစားထိုးနားရက်အဖြစ် သတ်မှတ်ပေးရပါမယ်။
 
​၂အချက်အ‌ေနနဲ့ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများအတွက် စည်းကမ်းချက် ကိုတော့ ​ယာဉ်မောင်းနှင်ရတဲ့အလုပ်သမားများအတွက် - ​တစ်နေ့လျှင် မောင်းနှင်ချိန် ၈ နာရီ ထက်မပိုစေရ။ ​အကယ်၍ အချိန်ပို (OT) ဆင်းရပါက ၂ နာရီ ထက်မပိုစေရဘဲ အလုပ်သမားရဲ့ သဘောတူညီချက် (စာဖြင့်) ရယူထားရပါမယ်။
 
​အလုပ်ပြီးဆုံးချိန်မှ နောက်တစ်ကြိမ် အလုပ်ပြန်မစမီ အနည်းဆုံး ၁၀ နာရီ ကြာ နားနေချိန် ပေးရပါမယ်။ နံပါတ်​၃အချက်အရ ဘေးကင်းလုံခြုံရေး သတိပေးချက်အနေဖြင့်​ခရီးသွားလာရာတွင် အရက်သေစာ သောက်စားခြင်းမပြုရန်နဲ့ ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန် ဂရုတစိုက် မောင်းနှင်ကြပါရန် တိုက်တွန်းထားကြောင်း သိရပါတယ်။
 
"သင်္ကြန်ရောက်ရင် အရင်ကဆို ရွာပြန်တယ်၁နှစ်၁ခါမဟုတ်ရင်တောင်၃နှစ်လောက်ဆိုပြန်တယ်လေ၊ အခုကတော့ မြန်မာဘက်မှာက အရင်လိုပြန်ရတာကမလွယ်တော့ဘူး၊ နိုင်ငံရေးအခြေအနေတွေကြောင့် ပြန်ရတာက မလွယ်ကူတော့တာဆိုတော့ရွာမပြန်ဖြစ်တာ ၄ နှစ်လောက်ရှိပြီအခုက ကိုယ့်မိဘ၊ကိုယ့်သားသမီးကိုတွေ့ချင်ရင် ကိုယ်နိုင်ငံကိုယ်မပြန်ရတော့ပဲ၊သူတို့တွေကိုသာဒီဘက်နိုင်ငံအလည်ခေါ်နေရတဲ့အခြေအနေဖြစ်နေပါပြီ၊ သင်္ကြန်ပိတ်ရက်အတွက်အခုလို အချက်ကလေးတွေရွှေ့ပြောင်းလုပ်သားတွေအတွက်ထုတ်ပေးတာကောင်းပါတယ်၊ ရွှေ့ပြောင်းလုပ်သားတွေအလုပ်ပိတ်ရက်အတွက်အလုပ်ရှင်တွေကလည်းပူးပေါင်းလုပ်ပေးကြရင်ပိုကောင်းမှာပါလို့"ဘန်ကောက်မြို့ ဈေးဝယ်စင်တာမှာအလုပ်လုပ်နေတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောပါတယ်။
 
အတာသင်္ကြန်ကာလမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားရုံးပိတ်ရက်အသိပေးချက်တွေကိုထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန နဲ့ ရွှေ့ပြောင်းလုပ်သားအခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အပါအဝင်မိတ်ဖက်တွေကမတ်လ၂၃ရက် က စုပေါင်းထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
 

Related posts

Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026
Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Mar 22, 2026