NEWS

မြန်မာနိုင်ငံရှိ လူငယ် အမျိုးသမီးများ အလုပ်လုပ်ဖို့ အတားဆီးများစွာ ရင်ဆိုင်နေရဟုဆို

CoverLogo
111 Views
 
မြန်မာနိုင်ငံရှိ လူငယ်အမျိုးသမီးတွေဟာ အလုပ်လုပ်ကိုင်ဖို့အတွက် အတားဆီးများစွာနဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် (UNDP Manmar )ကအောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
 
ပြည်တွင်းက အမျိုးသမီးငယ်တွေဟာ လူငယ်အမျိုးသားတွေထက် ဝင်ငွေလစာနည်းပါးခြင်း၊အလုပ်အကိုင်အခွင့်လမ်းနည်းပါးခြင်းနဲ့ အိမ်တွင်းကန့်သက်ချက်စတဲ့ သုံးထပ်ကွမ်းခွဲခြားဆက်ဆံမှု နဲ့ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
လူငယ်အမျိုးသားတွေရဲ့ ဝင်ငွေလစာ ရရှိမှုနဲ့နှိုင်းယှဉ်ပါက လူငယ်အမျိုးသမီးတွေဟာ ၂၂ရာခိုင်နှုန်းလျော့နည်းသလို အလုပ်အကိုင်အခွင့်လမ်းမှာလည်း အမျိုးသားတွေထက် နည်းပါးတဲ့ အတွက် အမျိုးသမီးဦးရေ သုံးပုံ လျှင် တစ်ပုံဟာ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ဆိုပါတယ်။
 
ဒါ့အပြင်အမျိုးသမီးလေးပုံ တစ်ပုံ နီးပါးဟာ အိမ်မှုကိစ္စစောင့်ရှောက်ရဖို့ အတွက် ပညာရေးမှ နှုတ်ထွက်ရသလို ၎င်းတို့ရဲ့အိမ်ထောင်ဖက် တွေ က အလုပ်လုပ်ခြင်း ကိုတားမြစ်ထားကြတာလည်းရှိတယ်လို့ အစီရင်ခံစာအရသိရပါတယ်။
 
အခုလို အတားအဆီးတွေဟာ အမျိုးသမီးတွေကို စီးပွားရေးနယ်ပယ်မှ ဖယ်ကျဉ်ထားသလို ဖြစ်လာ​စေပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို ကန့်သတ်ကာ မညီမျှမှုကိုပိုမိုနက်ရှိုင်းစေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
 
ယခုအစီရင်ခံစာကို “လမ်းပျောက်နေသော မျိုးဆက်- မြန်မာလူငယ် အလုပ်အကိုင်နှင့် ပညာရေး” ဟု အမည်ပေးထားပြီး Myanmar Youth Series ရဲ့ ဒုတိယ အစီရင်ခံစာဖြစ် ကာ တနိုင်ငံလုံးရှိ လူငယ် ၇၀၀၀ ကျော်ရဲ့ အသံတွေကို စုစည်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံရှိ လူငယ်၅ဦး တွင် တစ်ဦးနီးပါးနဲ့(ခန့်မှန်းခြေ လူငယ်၃သန်းခန့်)ဟာ အလုပ်အကိုင်မရှိ၊ပညာသင်ကြားခြင်းမရှိ၊လေ့ကျင့်ရေးတွင်လည်း မပါဝင်ဘဲ NEET(Not in Education ,Employment,or training)ဖြစ်နေကာ ၎င်းနူန်းထားထဲမှ အမျိုးသမီးပါဝင်မှု အမြင့်ဆုံး ဖြစ်ပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေဖြစ်တဲ့ကယားပြည်နယ်မှာ ၄၂ရာခိုင်နှုန်းနဲ့ရခိုင်ပြည်နယ်မှာ ၃၂ရာခိုင်နှုန်းရှိတယ်လို့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

Related posts

Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025
Cover
ဆန်တန်ချိန်၂၅ တန်နှင့်အထက်သိုလှောင်ရုံများအား မှတ်ပုံတင်ခိုင်း၊ လစဉ် ကုန်ရ ကုန်ထုတ် စာရင်းများပါပေးပို့ရမည်ဟုဆို
Oct 30, 2025
Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025
Cover
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော
Oct 29, 2025
Cover
ဒိုက်ဦးအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ကာ တိုက်ပိတ်အကျဉ်းချခြင်းပြုလုပ်နေ
Oct 28, 2025
Cover
ရန်ကုန် Job Fair မှာ အလုပ်သမားမှတ်ပုံတင် ၂၈၀ ကျော် ထုတ်ပေး
Oct 28, 2025