NEWS

မြန်မာနိုင်ငံတွင်း အင်တာနက်အသုံးပြုမှု Vpn ပြဿနာနဲ့ လိုင်းသုံးမရမှုတွေ ကြုံတွေ့ရပြီးတဲ့နောက် 5G ကွန်ရက်ကိုအသုံပြုနိုင်တော့မယ်လို့ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများကြေညာ

CoverLogo
798 Views

ပြီးခဲ့တဲ့မေလလယ် ခန့်ကစပြီး  မြန်မာနိုင်ငံတွင်းအင်တာနက်အသုံးပြုမှုတွေမှာ Vpn ချိတ်ဆက်မရတဲ့ ပြဿနာတွေ ကြုံခဲ့ရပြီး အင်တာနက် အသုံးပြုရတာ အခက်အခဲတွေ ကြုံရပြီးတဲ့နောက် ယခုရက်ပိုင်းအတွင်း MPT နဲ့ ATOM ကဲ့သို့ ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာတွေကနေ 5G ကွန်ရက်ကို ရန်ကုန်ကဲ့သို့မြို့ကြီးတွေမှာ အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း ကြေညာလာကြပါတယ်။

အဆိုပါပြည်တွင်း အော်ပရေတာတွေအနေနဲ့ ရန်ကုန်မြို့ရဲ့နေရာအချို့မှာ ယခုဇွန်လအတွင်း 5G ကွန်ရက်ကို စမ်းသပ်အသုံးပြုနိုင်တော့မယ်လို့အသိပေးမှုတွေရှိနေရာ 5G ကွန်ရက်ဟာ ယခင်သုံးစွဲနေတဲ့ 4G ကွန်ရက်ထက် အင်တာနက်လိုင်းဆွဲအား ၁၀ဆပိုမြန်ဆန်ကာ ၁စက္ကန့်ကို  1Gbps နှုန်းအထိ ဒေတာလွှဲပြောင်းတာတွေ လုပ်နိုင်မယ်လို့ သိရပါတယ်။

"အခုတလောအင်တာနက် လိုင်းသုံးရတာ စိတ်ပျက်ဖို့အတော်ကောင်းပါတယ်။ လိုင်းတွေကစုတ် VPNက သုံးမရကျော်မရနဲ့ အွန်လိုင်းသုံးရတာခက်ခဲတယ်။ MPTတို့က 5Gကွန်ရက်နဲ့အဆင့်မြှင့်မယ်ပြောတော့လည်း လိုင်းတွေပိုကောင်းမကောင်းကတော့စောင့်ကြည့်ရမှာပါပဲ။ ဟိုတလောကပဲ စစ်ကောင်စီဘက်ကနေ VPN တွေကို လိုက်ဖျက်နေတယ်ဆိုသတင်းတွေတော့တွေ့မိတယ်။ ဘာသဘောလဲတော့မသိပေမယ့် အင်တာနက်အသုံးပြုပြီးအလုပ်လုပ်ရတဲ့ လူတွေအတွက်တော့ ကမောက်ကမတွေဖြစ်သွားခဲ့တယ်လို့"ရန်ကုန်မြို့နေ အွန်လိုင်းသုံးစွဲသူတစ်ဦးကပြောပါတယ်။

ပြည်တွင်းအော်ပရေတာဖြစ်တဲ့ MPTအနေနဲ့ 5Gကွန်ရက်အတွက်ကို အဆင့်မြင့်နည်းပညာချိတ်ဆက်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေရာ ရန်ကုန်မြို့နေရာအချို့မှာသာစတင်သုံးစွဲဖို့လုပ်ဆောင်နေတာလို့သိရပြီး နောက်ထပ်ပြည်တွင်း အော်ပရေတာ ATOM ကတော့ 5G ကွန်ရက်အတွက်ကို ရန်ကုန်မြို့မှာ Huawei ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး မန္တလေးမြို့အတွက်ကိုတော့ ZTE ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ဆောင်တာဖြစ်ရာ ATOM ရဲ့ 5Gကွန်ရက်ကတော့ ရန်ကုန်နဲ့မန္တလေးမြို့ကြီး နှစ်ခုမှာ စတင်အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အင်တာနက်အသုံးပြုမှုမှာ ယခင်ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေက 2G နဲ့ 3Gကွန်ရက်တွေနဲ့စတင်ကာ အွန်လိုင်းအသုံးပြုခဲ့ကြတာဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ကာလမှာ 4Gကွန်ရက် ပေါ်ပေါက်လာပြီး လက်ရှိ၂၀၂၄ခုနှစ်မှာတော့ 5G ကွန်ရက်ကိုစတင် စမ်းသပ်အသုံးပြုကြတော့မှာဖြစ်ကြောင်းသိရှိရပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ ဆက်သွယ်ရေးအတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရလို့ ဒေသခံတွေ အတွက် အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

 


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026