NEWS

မီးရထားလက်မှတ်ခတွေ ဈေးမြှင့်လိုက်လို့ အလုပ်သမား‌ တွေ‌ ခရီးစရိတ် အခက်အခဲဖြစ်

CoverLogo
739 Views
 
ယနေ့ကစတင်ကာ ရန်ကုန်မြို့အတွင်း ခရီးတိုပြေးဆွဲနေတဲ့ မြို့ပတ်ရထားနဲ့ အခြားရထားခရီးစဉ်အချို့လက်မှတ်ခတွေ တိုးမြှင့်လိုက်ကြောင်း မြန်မာ့မီးရထားကနေသိရပါတယ်။
 
မြန်မာ့မီးရထားအနေနဲ့ အောက်တိုဘာ၂၀ ရက်ကစပြီး လက်မှတ်ခများကို မိုင် ၂ဝ ခရီးအတွက် ယခင် ၂ဝဝ ကျပ်အစား ၄ဝဝ ကျပ်အဖြစ် လည်းကောင်း၊ မိုင် ၂ဝ နဲ့အထက် မြို့တစ်ပတ်ခရီးအတွက် ယခင် ၃ဝဝ ကျပ်အစား ၈ဝဝ ကျပ် အဖြစ်ပြောင်းလဲသတ်မှတ်သွားဖို့နဲ့ အခြားနယ်ခရီးစဉ်အတွက်ပြေးဆွဲမယ့်ရထားလက်မှတ်ခတွေကိုလည်း ပြောင်းလဲလိုက်တာကြောင့် ရုံးတက်ရုံးဆင်း မီးရထားနဲ့သွားလာနေတဲ့ အလုပ်သမားပြည်သူတွေ သွားလာစရိတ်မြှင့်လာကာ အခက်ခဲဖြစ်လာနေတယ် လို့ဆိုပါတယ်။
 
"မီးရထားစီးပြီးအလုပ် သွားရတာက ကားခထက် ပိုသက်သာလို့စီးဖြစ်တာ။ အခုက ကားခဈေးထက် ပိုဈေးကြီး လာတာရယ်။ကားခနဲ့ဈေးဆတူဖြစ်လာမှတော့ရထားစီးဖို့က ပြန်စဉ်းစားရတော့မယ်။ကားက ရထားလောက်အချိန်ကိုက်စောင့်နေရတာမျိုးမဟုတ်ဖူးလေ။ရထားကတော့တခါစီးဖို့ကို လက်မှတ်ကြိုဝယ်ထားရတာရယ်။လာမယ့်အချိန်ကို စောင့်နေရတာတွေရှိတယ်ဆိုပေမယ့် ကားခထက်သက်သာလို့သာစောင့်စီးတာအခုတော့ ရထားစီးတာကို ပြန်စဉ်းစားရတော့မယ်။ခရီးစရိတ်တက်လာတာက ကိုယ်တွေအတွက်တော့ အခက်ခဲဖြစ်လာတာပေါ့ ၁ရက်ကိုပဲ လမ်းစရိတ်က ထောင်ကျော်ဖြစ်နေပြီ လုပ်ခလစာအတိုးမရှိပဲ အသုံစရိတ်တက်တဲ့ အလုပ်သမားတွေရဲ့ဘဝကတော့ရထားလက်မှတ်ခဈေးတက်လာတာက အခက်ခဲဖြစ်စေပါတယ်"လို့ မြို့ပတ်ရထားစီးနင်းပြီး အလုပ်သွားအလုပ်ပြန် နေသူအလုပ်သမားတစ်ဦးကပြောပါတယ်။
 
ရထားလက်မှတ်ခတွေ တိုးမြှင့်သတ်မှတ်ခြင်းက စက်သုံးဆီဈေး မြင့်မားလာတဲ့အတွက်လက်ရှိစက်သုံးဆီဈေးဖြင့် ကိုက်ညီသော နှုန်းထားမျိုးဖြစ်စေရန် လက်မှတ်ခနှုန်းထားများကို တိုးမြှင့် တာလို့ဆိုပါတယ်။
 
လက်ရှိမှာ ရန်ကုန်-မော်လမြိုင် အစုန်အဆန် ရထားများနဲ့ ရန်ကုန်-မန္တလေး အစုန်အဆန်ရထားခနှုန်းထားများကိုလည်း ယခင်ဈေးတွေထက်တိုးမြှင့်သတ်မှတ်လိုက်ပြီလို့သိရပါတယ်။
 
တိုးမြှင့်လိုက်တဲ့ ရန်ကုန် - မော်လမြိုင် အစုန်အဆန် ရထားလက်မှတ်ခများ မှာလေအိတ်ရထားတွဲဆိုင်းရဲ့အထက်တန်း မော်လမြိုင် မှ ရန်ကုန် ထိ (၁၃၀၀၀) ကျပ်၊ ရိုးရိုးတန်း မော်လမြိုင်မှ ရန်ကုန်ထိ (၈၀၀၀) ကျပ် နဲ့ ရိုးရိုး (AAR) တွဲဆိုင်း အထက်တန်း မော်လမြိုင် မှ ရန်ကုန်ထိ (၁၂၀၀၀) ကျပ်၊ ရိုးရိုးတန်း မော်လမြိုင် မှ ရန်ကုန်ထိ (၇၀၀၀) ကျပ်ဖြစ်ပြီး ရန်ကုန်-မန္တလေး အစုန်အဆန် ရထားလက်မှတ်ခတွေကတော့ အိပ်စင်ပါ အထက်တန်းရထားခ ၃၃၀၀၀ ကျပ်မှ အိပ်စင်မပါအထက်တန်းရထား၂၅၀၀၀ကျပ် နဲ့ ရိုးရိုးတန်းရထား ၁၅၀၀၀ကျပ် တွေ ပြင်ဆင်သတ်မှတ်တာကြောင့် ယခင်ထက်ရထားလက်မှတ်နှုန်းထားတွေ ငွေကျပ်၂၀၀၀မှ ၁၀၀၀၀ ကျပ်အထိ ဈေးတက်လာတာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေသိရှိရပါတယ်။

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026