NEWS

မီးဖိုချောင်သုံးဂတ်စ်(LPG) ဈေး နှုန်းများပြန်လည်မြင့်တက်လာ

CoverLogo
539 Views
 
မီးဖိုချောင်သုံးဂတ်စ်(LPG)ဈေးနှုန်းဟာအောက်တိုဘာ(၂၃)ရက်မှာ 48kg တစ်အိုးကိုကျပ်တစ်သောင်းခွဲနီးပါးပြနါလည်မြင့်တက်လာတယ်လို့ဂတ်စ်လုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။
 
LPG အရည်ဈေးနှုန်းဟာပြီးခဲ့တဲ့စက်တင်ဘာလထဲမှာကျပ်(၂၅၀၀၀၀)အထက်ရှိခဲ့ပြီးအောက်တိုဘာလဆန်းမှာတော့ကျပ်(၂၁၀၀၀၀)ကျော်ထိဈေးကျခဲ့ပါတယ်။
 
လက်ရှိမှာ​တော့ ရန်ကုန်မြို့က မြို့နယ်အချို့မှာ ​ရေကြီး ​​ရေလျှံမှု​တွေနဲ့အတူ လျှပ်စစ်မီး ပြတ်​တောက်တာ​တွေလည်း ရှိ​နေတာပါ။လျှပ်စစ်မီး မရတဲ့ ပြည်သူ​တွေ အဓိကထား သုံးစွဲ​နေရတဲ့ အိမ်သုံးဂတ်စ် ​​ဈေးဟာ ဒီကနေ့မှာတော့ 48kg တစ်အိုးကို ကျပ်(၂၃၀၀၀၀)ခန့်ပြန်လည်မြင့်တက်လာတာပဲဖြစ်ပါတယ်။
 
"ဒီနေ့မှဈေးပြန်တက်တာ။ဘာလို့လဲတော့သေချာမေးမရဘူး။လိုင်စင်ကိစ္စလည်းကြားတယ်။ကိုယ်ထင်မိတာကတော့နိုင်ငံခြားငွေဈေးကျတော့ဂတ်စ်လည်းကျဦးမယ်ထင်မိတာ။မကျဘဲပြန်တက်သွားတယ်။လက်လီဈေးနှုန်းတော့အပြောင်းအလဲသိပ်မရှိလောက်ဘူးထင်တယ်"လို့ဂတ်မီးဖိုနှင့်ဆက်စပ်ပစ္စည်းရောင်းချသူတစ်ဦးကပြောပါတယ်။
 
မီးဖိုချောင်သုံးဂတ်စ်ဈေးနှုန်းဟာလက်ရှိမှာတစ်ပိဿာကိုကျပ်(၉၀၀၀)နဲ့ဘူးသေးတစ်ဘူးကိုကျပ်(၁၅၀၀)ပေါက်ဈေးရှိနေပါတယ်။
"အရောင်းအဝယ်ကဒီရက်ပိုင်းကောင်းပါတယ်။ရာသီဥတုမကောင်းတာ​ရော မီးမလာတာ ပေါင်းပြီးရောင်းရတယ်။ဂတ်စ်ကအခုထိတော့ပုံမှန်လေးရနေတယ်။ဈေးကျရင်တော့ပိုကောင်းတာပေါ့။ဒီကာလကလူတိုင်းကျပ်တည်းတော့ဈေးကျဖို့ကိုအရောင်းသမား ​ရော အဝယ်သမား​ရော မျှော်တာပေါ့။အခုကပြန်တက်တယ်ဆိုတော့သိပ်မကောင်းဘူးပေါ့"လို့ဂတ်စ်အရည်ဖြန့်ဖြူးရောင်းချသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာဂတ်စ်မီးဖိုနဲ့ဆက်စပ်ပစွည်းတွေဟာလည်းဈေးနှုန်းသိသိသာသာပြန်လည်ကျဆင်းလာမှုမရှိဘဲအရောင်းအဝယ်အေးတယ်လိုရောင်းချသူတွေကပြောပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026