NEWS

မိုးရာသီမှာအဖြစ်များတဲ့ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုရှိလာ

CoverLogo
474 Views

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ပေါက်ပွားမှု အများဆုံးဖြစ်နိုင်တဲ့ မိုးရာသီမှာအဖြစ်များတတ်ပြီး ယခု၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅လအတွင်းမှာ ပဲ ရန်ကုန်တိုင်းမှာ ရောဂါကြောင့်သေဆုံးရသူပါရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဌာန ကနေသိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ၅ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၇ ဦးအထိ ရှိကာ အဲ့ဒီ့ထဲမှာသေဆုံးသူ ၁ ဦးရှိကြောင်း နဲ့ ရောဂါဖြစ်ပွားသူတွေရဲ့အသက်အရွယ်အနေနဲ့လည်း မွေးစမှအသက် ၁နှစ်အထိ ကလေး ၃၅ဦး ၊ အသက်၂နှစ်ကနေ၄နှစ်အထိ ကလေး၈၃ဦး နဲ့အသက်၅နှစ်ကနေ ၉နှစ်အထိ ကလေး ၁၅၂ဦး ၊ အသက်၁၀နှစ်ကနေ ၁၄နှစ်အထိ ကလေး ၇၆ ဦး နဲ့အသက်၁၅နှစ်နဲ့အထက်လူငယ်လူရွယ် ၃၅ဦး စုစုပေါင်း အရေအတွက် ၃၀၀ကျော် ရောဂါကူးစက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

" မိုးတွင်းက တော့ သွေးလွန်တုပ်ကွေး နဲ့ပတ်သက်ပြီးပိုပြီးသတိပြုရမှာပါ။အခုက ရေးကြီးမှုတွေ မြောင်းရေလျှံမှုတွေလည်း ဒီလအတွင်းမကြာခဏဖြစ်ပေါ်နေတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ခြင်ပေါက်ပွားမှုများတာ ရောဂါတွေပိုဖြစ်လာမှာတွေကတော့စိုးရိမ်ရပါတယ်။နောက်ထပ် ပြီး ဂရုစိုက်ရမှာက မြောင်းရေလျှံတာတွေကနေ မသန့်ရှင်းတဲ့ရေတွေကြောင့် အရေပြားယားယံတာ နဲ့အရေပြားရောဂါတွေဖြစ်လာမှာတော့စိုးရိမ်ရပါတယ်။ ဒီနှစ်တော့အရေပြားရောဂါနဲ့ပတ်သက်ပြီးအခုမှမိုးအစဖြစ်လို့အသံတွေမကြားရသေးပေမယ့် နှစ်စဉ်တိုင်း မြောင်းရေ မသန့်တဲ့ရေတွေကနေ အရေပြားဆိုင်ရာရောဂါနဲ့ကျန်းမာရေးပြဿနာတွေကြုံတွေ့ရကြရတယ်လို့ ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့နယ်က ဒေသခံတွေကပြောပါတယ်။

အချက်အလက်တွေအရတော့ ရောဂါဖြစ်ပွားမှုအများဆုံး အနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ တောင်ဒဂုံမြို့နယ်က ပထမ နဲ့ မရမ်းကုန်းမြို့နယ်က ဒုတိယအများဆုံးဖြစ်နေကြောင်းသိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ရန်မှာ ခြင်ကိုက်မခံတာ ၊ ခြင်ဖြစ်ပေါ်မယ့် လောက်လန်းတွေ မပေါက်ပွားအောင် ဖုံးသွန်လဲစစ် လုပ်ငန်းစဉ်တွေ ပြုလုပ်ထားဖို့လိုအပ်ကြောင်းသိရှိရပါတယ်။

 


Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026