NEWS

မန်းသပိတ်ခေါင်းဆောင်ကိုတေဇာဆန်းဇာတိကျေးရွာကိုစစ်ကောင်စီတပ်တွေဝင်စီးပြီးဆွေမျိုးတော်စပ်သည့်အိမ်နှစ်လုံးကိုမီးတင်ရှို့သွား

CoverLogo
1.8K Views

ယမန်နေ့ညကမန္တလေးလူထုသပိတ်ခေါင်းဆောင်ရဲ့ဇာတိကျေးရွာကိုစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ကို​တေဇာဆန်းနဲ့ဆွေမျိုးတော်စပ်သူတွေနေထိုင်တဲ့နေအိမ်နှစ်အိမ်ကိုမီးတင်ရှို့သွားတဲ့အပြင်ကျေးရွာအတွင်းမွှေနှောက်ဖျက်ဆီးသွားတယ်လို့ MLN ကသတင်းရရှိပါတယ်။

လာ​ရောက်စီးနင်းရာတွင် စစ်ကောင်စီရဟတ်ယာဥ်၂စီးနဲ့စစ်သားအယောက် ၈၀ ဝန်းကျင်ပါဝင်ပြီးအိမ်တိုင်းနီးပါးဝင်ရောက်ရှာဖွေမွှေနှောက်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

"မနေ့ကိုတေဇာဆန်းပြောသလောက်သိရတာသူတို့အမျိုးအိမ်နှစ်အိမ်ပါမီးရှို့သွားတယ်ပြောတယ်ရဟတ်ယာဥ်နဲ့စစ်သားတွေအရင်လာချပြီးမှလုပ်သွားတာ"လို့ ကိုတေဇာဆန်းနဲ့နီးစပ်သူတဦးက MLN ကိုအတည်ပြုပါတယ်။

ထို့အပြင်စစ်ကောင်စီတပ်တွေဟာရွှေအိုးရကျေးရွာ၏ ဘုံကထိန်အဝင်နေ့ဖြစ်သည့်အတွက် ဘုန်းကြီးကျောင်းတွင် အလှူအတွက် ချက်ပြုတ် နေသော အစားအသောက်များ စားသောက်သွားသည့်အပြင်ဘုန်းကြီးကျောင်းအတွင်းမှ ကားတစ်စီးကိုလည်းပြန်ပေးဆွဲသွားခဲ့တယ်လို့လဲဒေသခံသတင်းအရင်းအမြစ်တွေကဆိုထားပါတယ်။

ဒါ့အပြင်ဒေသခံသိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့စခန်းငယ်တခုကိုပါစီးနင်းပြီးလက်လုပ်သေနတ်တွေနဲ့တခြားအသုံးအဆောင်တွေကိုပါဖျက်ဆီးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် MLN အနေနဲ့အဆိုပါကိစ္စကိုမေးမြန်းပြီးသီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါဘူး။


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026