NEWS

ဘေးတွဲဆိုင်ကယ်ကယ်ရီ အမိုး​တွေဖြုတ်ခိုင်းလို့  စီးသူနည်းလာမှာကိုစိုးရိမ်နေရ

CoverLogo
712 Views

လူဦး​ရေ ထူထပ်များပြားတဲ့ ​ရွှေပြည်သာ လှိုင်သာယာ စတဲ့ စက်မှုဇုန်မြို့နယ်​တွေမှာ ဘေးတွဲဆိုင်ကယ်တွေမှာအမိုး အကာတွေမရှိတော့ရင် စီးတဲ့ခရီးသည်တွေနည်းလာပြီးစားဝတ်နေရေးပိုခက်လာနိုင်တယ်လို့ကယ်ရီသမားတွေကပြောပါတယ်။ 

လက်ရှိမှာဘေးတွဲကယ်ရီမောင်းနှင်သူတွေများပြားနေပြီးစီးတဲ့ခရီးသည်နည်းပါးတဲ့ပြဿနာရှိနေတယ်လို့လည်းသူတို့ကဆိုပါတယ်။ 

"လူတွေကလည်းကျပ်တည်းတော့အရင်လောက်‌ေတာ့မစီးကြတော့ဘူး။နောက်ပြီးဘေးတွဲတွေကအရမ်းများလာတယ်။ပုံမှန်ဖောက်သည်မရှိဘူးဆိုဒီကာလသိပ်မလွယ်ဘူး။အခုအမိုးအကာတွေဖြုတ်ရမယ်ဆိုခရီးသည်မပြောနဲ့ကျွန်တော်တို့တောင်နေပူထဲဂိတ်မထိုးနိုင်တော့ဘူးလို့"လို့ဘေးတွဲကယ်ရီသမားတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာဘေးတွဲမောင်းသူတွေဟာလပေးနဲ့စီးတဲ့သူတွေကိုပုံမှန်ဖောက်သည်ရရှိဖို့ ချိတ်ဆက်ထားပြီးအမိုးအကာတွေကို‌သေသေသပ်သပ်ပြင်ဆင်ပေးထားရတယ်လို့သိရပါတယ်။ 

"နေပူမိုးရွာလေးလည်းလုံအောင်လူအမြင်လေးလည်းသန့်အောင်ဂါလီလေးကိုလုပ်ရတယ်။အခုအမိုးအကာတွေဖြုတ်ရမယ်ဆိုရင်နေပူထဲဘယ်သူကစီးမလဲ။ပြောမယ်ဆိုမူဝါဒတွေကအမျိုးမျိုးတွေဖြစ်နေတယ်။ခံရသမျှကပြည်သူချည်းပဲ။အမိုးတွေဖြုတ်ရရင်တော့လပေးစီးတဲ့သူတွေလည်းစီးမယ်မထင်တော့ဘူး။စားဝတ်နေရေးပိုခက်လာမယ်"လို့ဂါလီမောင်းသူတစ်ဦးကပြောပါတယ်။ 

စစ်ကောင်စီဟာဘေးတွဲဂါလီသမားတွေကိုကြပ်မတ်မှုတွေမျိုးစုံလုပ်နေပြီး လက်ရှိမှာဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကိုဒဏ်ရိုက်တာအပြင်အမိုးအကာတွေကိုဖြုတ်ဖို့လိုက်လံအသိပေးနေပါတယ်။ 

 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026