NEWS

ဘေးတွဲဆိုင်ကယ်ကယ်ရီ အမိုး​တွေဖြုတ်ခိုင်းလို့  စီးသူနည်းလာမှာကိုစိုးရိမ်နေရ

CoverLogo
535 Views

လူဦး​ရေ ထူထပ်များပြားတဲ့ ​ရွှေပြည်သာ လှိုင်သာယာ စတဲ့ စက်မှုဇုန်မြို့နယ်​တွေမှာ ဘေးတွဲဆိုင်ကယ်တွေမှာအမိုး အကာတွေမရှိတော့ရင် စီးတဲ့ခရီးသည်တွေနည်းလာပြီးစားဝတ်နေရေးပိုခက်လာနိုင်တယ်လို့ကယ်ရီသမားတွေကပြောပါတယ်။ 

လက်ရှိမှာဘေးတွဲကယ်ရီမောင်းနှင်သူတွေများပြားနေပြီးစီးတဲ့ခရီးသည်နည်းပါးတဲ့ပြဿနာရှိနေတယ်လို့လည်းသူတို့ကဆိုပါတယ်။ 

"လူတွေကလည်းကျပ်တည်းတော့အရင်လောက်‌ေတာ့မစီးကြတော့ဘူး။နောက်ပြီးဘေးတွဲတွေကအရမ်းများလာတယ်။ပုံမှန်ဖောက်သည်မရှိဘူးဆိုဒီကာလသိပ်မလွယ်ဘူး။အခုအမိုးအကာတွေဖြုတ်ရမယ်ဆိုခရီးသည်မပြောနဲ့ကျွန်တော်တို့တောင်နေပူထဲဂိတ်မထိုးနိုင်တော့ဘူးလို့"လို့ဘေးတွဲကယ်ရီသမားတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာဘေးတွဲမောင်းသူတွေဟာလပေးနဲ့စီးတဲ့သူတွေကိုပုံမှန်ဖောက်သည်ရရှိဖို့ ချိတ်ဆက်ထားပြီးအမိုးအကာတွေကို‌သေသေသပ်သပ်ပြင်ဆင်ပေးထားရတယ်လို့သိရပါတယ်။ 

"နေပူမိုးရွာလေးလည်းလုံအောင်လူအမြင်လေးလည်းသန့်အောင်ဂါလီလေးကိုလုပ်ရတယ်။အခုအမိုးအကာတွေဖြုတ်ရမယ်ဆိုရင်နေပူထဲဘယ်သူကစီးမလဲ။ပြောမယ်ဆိုမူဝါဒတွေကအမျိုးမျိုးတွေဖြစ်နေတယ်။ခံရသမျှကပြည်သူချည်းပဲ။အမိုးတွေဖြုတ်ရရင်တော့လပေးစီးတဲ့သူတွေလည်းစီးမယ်မထင်တော့ဘူး။စားဝတ်နေရေးပိုခက်လာမယ်"လို့ဂါလီမောင်းသူတစ်ဦးကပြောပါတယ်။ 

စစ်ကောင်စီဟာဘေးတွဲဂါလီသမားတွေကိုကြပ်မတ်မှုတွေမျိုးစုံလုပ်နေပြီး လက်ရှိမှာဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကိုဒဏ်ရိုက်တာအပြင်အမိုးအကာတွေကိုဖြုတ်ဖို့လိုက်လံအသိပေးနေပါတယ်။ 

 


Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025