NEWS

ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၁၅) သန်း ထပ်မံရောင်းချ

CoverLogo
1.5K Views

မြန်မာနိုင်ငံဗဟိုဘဏ်က ဒီဇင်ဘာ ၂၉ ရက်မှာ  ဈေးကွက်အတွင်းကို ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ဝတ်ဆိုဒ်မှာ ကြေညာထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၁၁ လ ကာလအတွင်း ဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာ ၄၂၈.၈ သန်း အထိ ရောင်းချထားပြီး ဈေးကွက်အတွင်းကနေ ပြန်လည်ဝယ်တာမျိုး မရှိခဲ့ပါဘူး။  

NLD အစိုးရလက်ထက်မှာတော့ ဗဟိုဘဏ်ဟာ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အရောင်းအဝယ်တွေ ပြုလုပ်ခဲ့ပြီး မြန်မာကျပ်ငွေကို တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တာကြောင့် ဗဟိုဘဏ်က အကျိုးအမြတ်ရခဲ့တယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆို ခဲ့ပေမယ့် စစ်တပ်ခန့် လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးဆိုသူက ဒေါ်လာဈေးနှုန်း မကျစေချင်တာလား ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

စစ်ကောင်စီက အာဏာ မသိမ်းမီ NLD အရပ်သား အစိုးရလက်ထက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်း အမေရိကန်  ၁ ဒေါ်လာ တန်ဖိုးဟာ ဗဟိုဘဏ်နဲ့ ပြင်ပပေါက်ဈေး ကွာဟမှုမရှိခဲ့ဘဲ  ၁ ဒေါ်လာကို မြန်မာကျပ် ၁၃၅၀ ကျပ် ဝန်းကျင်သာရှိခဲ့တာပါ။ လက်ရှိ ဒီဇင်ဘာ ၂၉ ရက် မှာ  ဗဟိုဘဏ် က  ၁ ဒေါ်လာကို မြန်မာကျပ် ၁၇၇၈ ကျပ် သတ်မှတ်ရောင်းချနေပေမယ့် လက်ရှိ ပြင်ပပေါက်ဈေးကတော့ ၁ ဒေါ်လာကို ၁၉၀၅ ကျပ် အထိ ဖြစ်ပေါ်နေပါတယ်။

 


 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026