NEWS

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ စစ်တပ်ရဲ့ပစ်ခတ်သတ်ဖြတ်မှု့ကြောင့်အသက် ၁၈ နှစ်အောက် ၆ ဦးအပါအဝင်ပြည်သူ ၅၉ ဦးသေဆုံးခဲ့

CoverLogo
1.3K Views

နိုဝင်ဘာလတစ်လထဲမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်သတ်ဖြတ်မှု့ကြောင့်အသက် ၁၈ နှစ်အောက်ကလေးသူငယ် ၆ ဦးအပါအဝင်အပြစ်မဲ့ပြည်သူ ၅၆ ဦးသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဒီကနေ့မှာပဲထုတ်ပြန်​ကြေညာပါတယ်။

"နိုဝင်ဘာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူ (၅၉) ဦးကျဆုံးခဲ့ရပါသည်။ ထိုအထဲတွင် CDM ပြုလုပ်နေသည့် အရာထမ်းများ၊ ကျောင်းဆရာများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကျောင်းသားများအပြင် အရပ်သားပြည်သူများပါဝင်ခဲ့သည်။ မိမိတို့ကောက်ယူ ရရှိသည့် မှတ်တမ်းများအရ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရသူ (၁၄) ဦး၊ အမျိုးသမီး (၅) ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၆) ဦးပါဝင်တယ်" လို့ AAPP ကဆိုပါတယ်။

ဒါ့အ​ ပြင်  နိုဝင်ဘာ ၁ မှ ၃၀ ရက်နေ့အထိ စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း (၅၁၂) ဦးရှိခဲ့ပြီး အမျိုးသမီးဦးရေ (၁၀၉) ဦး၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ (၂၂) ဦး နှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၃၄) ဦး အထိဖမ်းဆီးခံထားရတယ်လို့လဲဖော်ပြပါတယ်။

အရပ်သားတွေကိုပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်မှုအနေနဲ့ကတော့ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အင်အားအများအပြားသုံး၍ ထိုး စစ်ဆင်ခြင်းများကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်များတွင် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လဲဖော်ပြပါတယ်။

ဒါ့အပြင်အရပ်သားလူနေအိမ်ခြေတွေ မီးရှို့မှု့တွေအပါအဝင်အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှု့တွေများစွာရှိခဲ့တယ်လို့လဲ AAPP ကအချက်အလက်နဲ့တကွဖော်ပြထားပါသေးတယ်။


Related posts

Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025
Cover
ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ
May 27, 2025
Cover
နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပါက အရေးယူမည်ဟု မြန်မာသံရုံး ကြေညာ
May 27, 2025
Cover
ညစ်ညမ်းဗီဒီယိုရိုက်ကူးတဲ့ တရုတ်နိုင်ငံသားတွေကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ
May 27, 2025
Cover
လူသုံးကုန်ပစ္စည်းအချို့ဈေးမြင့်တက်မှုကြောင့် ပြုပြင်ရေးလုပ်ငန်းငယ်များ ပြန်လည်လုပ်ကိုင်လာ
May 22, 2025