NEWS

ပြည်ပလုပ်သားစေလွှတ်ရေး ကန့်သက်ချက် အခက်အခဲများအား အေဂျင်စီများ ဝန်ကြီးဌာနသို့ တင်ပြမည်

CoverLogo
497 Views
 
ပြည်ပလုပ်သားစေလွှတ်ရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ် ကြန့်ကြာမှုနဲ့ ကန့်သက်ချက်တွေကြောင့် ဖြစ်ပေါ်နေတဲ့ အခက်ခဲတွေကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေ ဆွေးနွေး ညှိနှိင်းပြီး အလုပ်သမားဝန်ကြီးဌာန ကို တင်ပြသွားမယ်လို မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း MOEAA ဆီက သိရပါတယ်။
 
အခုလို အခက်အခဲတင်ပြနိုင်ဖို့ ဧပြီ ၃၀ ရက်က မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း MOEAA က ဦးဆောင်ပြီး လိုင်စင်ရအေဂျင်စီတွေနဲ့ အရေးပေါ် အထူး အစည်းအဝေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
"လုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ် တွေက အကြောင်းအမျိုးမျိုးနဲ့ ကြန့်ကြာ မှုတွေ ဖြစ်နေတော့ အေဂျင်စီတွေဘက်ကရော၊ သွားမယ့် အလုပ်သမားတွေဘက်မှာရော၊ နစ်နာ ဆုံးရှုးတာတွေ မဖြစ်စေဖို့ကို အေဂျင်စီတွေကို အရေးပေါ်အစည်းဝေးခေါ် ဆွေးနွေးညှိနှိင်းတာပါ။ ရလာတဲ့ အကြောင်းရာတွေကို အလုပ်သမားဝန်ကြီးဌာနကို အမြန်ဆုံးတင်ပြမှာပါ""လို MOEAA က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ပြည်ပလုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ် မူဝါဒ ပြောင်းလဲလိုက်ပြီးနောက် ပြည်ပသွားရောက် အလုပ် လုပ်ကိုင်ကြမဲ့ အမျိုးသားလုပ်သားတွေ ရဲ့ အသက်ကန့်သက်ချက် တိုးမြှင့်တာတွေ၊ OWIC ကတ် ပြုလုပ်ခွင့်နဲ့ သင်တန်းတတ်ရောက်ခွင့် ချထားပေးရာမှာ ကြန့်ကြာတာတွေကြောင့် အေဂျင်စီတွေ နဲ့ ပြည်ပထွက်မယ့် လုပ်သားတွေ မှာ ဆုံးရှုးနစ်နာမှုနဲ့ အခက်ခဲ တွေ ကြုံတွေ့နေရပါတယ်။
 
"အခုက အလုပ်သမားဝန်ကြီးကလည်း ပြောင်းတယ်၊မူဝါဒတွေလည်းပြောင်းတယ်။ OWIC ပြုလုပ်ခွင့် စာတွေတင်တယ်။ အကြောင်းမပြန်ဘူး။ အခု အခွန်ကိစ္စကျတော့ အီးမေးပိုတယ်။ စေလွှတ်အတွက် ကြတော့ အကြောင်းမပြန်ဘူး။ ပြီးတော့အမျိုးသား လုပ်သားတွေ အသက်ကန့်သက်ချက် အရင် ၂၃ကနေ၃၁နှစ် တုန်းကလည်း တရားဝင်စာမထုတ်ဘူး၊အခု ၁၈နှစ်ကနေ၃၅နှစ် ကျတော့လည်း တရားဝင်စာမထုတ်ဘဲ စေလွှတ်ခွင့်မပြုဘူး။ ဒါကြောင့် အခုအေဂျင်စီတွေ ဖြစ်နေတဲ့ အခက်ခဲတွေ ကို MOEAAကတစ်ဆင့် အေဂျင်စီတွေ စုပေါင်းတင်ပြကျတာပါ""လို လိုင်စင်ရအေဂျင်စီတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ စုစုပေါင်း၆၃၄ရှိပြီး အေဂျင်စီတွေ အနေနဲ့ ပြည်ပကို လုပ်သားစေလွှတ်ဖို ထိုင်းနိုင်ငံ ကို လုပ်သား၃၀၀၀ကျော်၊ဂျပန်နိုင်ငံကို လုပ်သား ၃၀၀၀ကျော် နဲ့ အခြားနိုင်ငံ တွေ အပါအဝင် စုစုပေါင်း လုပ်သား ၁၀၀၀၀ ဝန်းကျင်စေလွှတ် ဖို ကျန်ရှိသေးတယ်လို MOEAA ဆီက သိရပါတယ်။
Photo- MOEAA
 

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026