NEWS

ပြည်ပလုပ်သားစေလွှတ်ရေး ကန့်သက်ချက် အခက်အခဲများအား အေဂျင်စီများ ဝန်ကြီးဌာနသို့ တင်ပြမည်

CoverLogo
378 Views
 
ပြည်ပလုပ်သားစေလွှတ်ရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ် ကြန့်ကြာမှုနဲ့ ကန့်သက်ချက်တွေကြောင့် ဖြစ်ပေါ်နေတဲ့ အခက်ခဲတွေကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေ ဆွေးနွေး ညှိနှိင်းပြီး အလုပ်သမားဝန်ကြီးဌာန ကို တင်ပြသွားမယ်လို မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း MOEAA ဆီက သိရပါတယ်။
 
အခုလို အခက်အခဲတင်ပြနိုင်ဖို့ ဧပြီ ၃၀ ရက်က မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း MOEAA က ဦးဆောင်ပြီး လိုင်စင်ရအေဂျင်စီတွေနဲ့ အရေးပေါ် အထူး အစည်းအဝေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
"လုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ် တွေက အကြောင်းအမျိုးမျိုးနဲ့ ကြန့်ကြာ မှုတွေ ဖြစ်နေတော့ အေဂျင်စီတွေဘက်ကရော၊ သွားမယ့် အလုပ်သမားတွေဘက်မှာရော၊ နစ်နာ ဆုံးရှုးတာတွေ မဖြစ်စေဖို့ကို အေဂျင်စီတွေကို အရေးပေါ်အစည်းဝေးခေါ် ဆွေးနွေးညှိနှိင်းတာပါ။ ရလာတဲ့ အကြောင်းရာတွေကို အလုပ်သမားဝန်ကြီးဌာနကို အမြန်ဆုံးတင်ပြမှာပါ""လို MOEAA က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ပြည်ပလုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ် မူဝါဒ ပြောင်းလဲလိုက်ပြီးနောက် ပြည်ပသွားရောက် အလုပ် လုပ်ကိုင်ကြမဲ့ အမျိုးသားလုပ်သားတွေ ရဲ့ အသက်ကန့်သက်ချက် တိုးမြှင့်တာတွေ၊ OWIC ကတ် ပြုလုပ်ခွင့်နဲ့ သင်တန်းတတ်ရောက်ခွင့် ချထားပေးရာမှာ ကြန့်ကြာတာတွေကြောင့် အေဂျင်စီတွေ နဲ့ ပြည်ပထွက်မယ့် လုပ်သားတွေ မှာ ဆုံးရှုးနစ်နာမှုနဲ့ အခက်ခဲ တွေ ကြုံတွေ့နေရပါတယ်။
 
"အခုက အလုပ်သမားဝန်ကြီးကလည်း ပြောင်းတယ်၊မူဝါဒတွေလည်းပြောင်းတယ်။ OWIC ပြုလုပ်ခွင့် စာတွေတင်တယ်။ အကြောင်းမပြန်ဘူး။ အခု အခွန်ကိစ္စကျတော့ အီးမေးပိုတယ်။ စေလွှတ်အတွက် ကြတော့ အကြောင်းမပြန်ဘူး။ ပြီးတော့အမျိုးသား လုပ်သားတွေ အသက်ကန့်သက်ချက် အရင် ၂၃ကနေ၃၁နှစ် တုန်းကလည်း တရားဝင်စာမထုတ်ဘူး၊အခု ၁၈နှစ်ကနေ၃၅နှစ် ကျတော့လည်း တရားဝင်စာမထုတ်ဘဲ စေလွှတ်ခွင့်မပြုဘူး။ ဒါကြောင့် အခုအေဂျင်စီတွေ ဖြစ်နေတဲ့ အခက်ခဲတွေ ကို MOEAAကတစ်ဆင့် အေဂျင်စီတွေ စုပေါင်းတင်ပြကျတာပါ""လို လိုင်စင်ရအေဂျင်စီတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ စုစုပေါင်း၆၃၄ရှိပြီး အေဂျင်စီတွေ အနေနဲ့ ပြည်ပကို လုပ်သားစေလွှတ်ဖို ထိုင်းနိုင်ငံ ကို လုပ်သား၃၀၀၀ကျော်၊ဂျပန်နိုင်ငံကို လုပ်သား ၃၀၀၀ကျော် နဲ့ အခြားနိုင်ငံ တွေ အပါအဝင် စုစုပေါင်း လုပ်သား ၁၀၀၀၀ ဝန်းကျင်စေလွှတ် ဖို ကျန်ရှိသေးတယ်လို MOEAA ဆီက သိရပါတယ်။
Photo- MOEAA
 

Related posts

Cover
ထိုင်းရှိရေပူရေအေးခွက်စက်ရုံမှမြန်မာလုပ်သား ၁၅၀ လစာနှစ်လစာမရရှိဘဲအလုပ်ထုတ်ခံရ
Oct 20, 2025
Cover
ထိုင်းရှိအပူပေးစက်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄ ဦးလစာ နှင့် ကျန့်ခေါက်ခများပြန်လည်ရရှိ
Oct 20, 2025
Cover
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီး အဆက်အသွယ် မရဖြစ်နေသောမြန်မာနိုင်ငံသား ၈၉ ဦးကို စာအုပ်လာထုတ်ဖို့ တိုကျိုရှိမြန်မာသံရုံးကြေညာ
Oct 20, 2025
Cover
လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ
Oct 20, 2025
Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025