NEWS

ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ

CoverLogo
137 Views
 
ယခုရက်ပိုင်း စျေးနှုန်းဆက်တိုက်မြင့်တက်လာနေသော ပြည်တွင်းအခေါက်ရွှေစျေးနှုန်းဟာ ဒီနေ့တွင် တစ်ကျပ်သားကို ကျပ် သိန်း ၁၀၀ ဝန်းကျင်အထိ နီးကပ်လာနေကြောင်း သိရပါတယ်။
 
ကမ္ဘာ့ရွှေစျေးနှုန်းဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေစျေးနှုန်းကလည်း လိုက်ပါမြင့်တက်လာနေခြင်းဖြစ်ကာ စျေးကွက်အတွင်း၌ ရွှေတစ်ကျပ်သားစျေးနှုန်းဟာ ကျပ် ၉၈ သိန်း မှ ၉၉ သိန်း ဝန်းကျင်အထိ ပေါက်စျေးရှိလာနေတာဖြစ်ပါတယ်။
 
ကမ္ဘာ့ ရွှေစျေးလည်းဆက်တိုက်မြင့်တက်လာနေပြီး တစ်အောင်စကို ၄၆၀၀ ဒေါ်လာ ဝန်းကျင်အထိ စျေးဖြစ်လာနေပြီး စျေးနှုန်းထပ်တက်နေမယ့် အခြေအနေတွေလည်း ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းတွင် ကမ္ဘာ့ရွှေစျေးနှုန်းဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄၅၈၀ ဝန်းကျင်နေခဲ့ပြီး ပြည်တွင်းအခေါက်ရွှေစျေးဟာ တစ်ကျပ်သားကို ကျပ် ၉၅ သိန်းဝန်းကျင်စျေးရှိနေခဲ့တာပါ။
 
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဗင်နီဇွဲလားကို ဝင်ရောက်တိုက်ခိုက်မှု၊ အမေရိကန်ဒေါ်လာစျေး တန်ဖိုးကျဆင်းနေမှု၊ ကမ္ဘာ့နိုင်ငံများကြား စစ်ပွဲများ၊ ပဋိပက္ခများ ကျယ်ပြန့်လာမှု အပါအဝင် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသော ကမ္ဘာ့နိုင်ငံရေး နဲ့ စီးပွားရေးအခြေအနေတွေကြောင့် ယခုလို စျေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ သုံးသပ်ရေးသားနေကြပါတယ်။

Related posts

Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026