NEWS

ပျောက်ဆုံးနေတဲ့ NLD အမတ်၊ စစ်တပ်ပေးတဲ့ကီးပတ်နဲ့ပျော်နေတုန်းပစ်သတ်ခံလိုက်ရတဲ့ဒေါ်ဘို့ကောက်နှင့်တနေ့တာသတင်းအကျဥ်းချုပ်

CoverLogo
7.8K Views

ဒီကနေ့သတင်းတွေကို အတတ်နိုင်ဆုံးတော့လိုတိုရှင်းအကျဥ်းချုပ်ဖော်ပြပေးသွားပါ့မယ်။

  • ပြည်တွင်းခုခံတိုက်ခိုက်မှု့နဲသတင်း​ပေးဒလန်ရှင်းလင်းမှု့

ပထမဆုံး ရန်ကုန်မန္တလေးရထားလမ်းပိုင်း ပျော်ဘွယ်နားမှာစစ်ကောင်စီတပ်တွေအတွက်ရိက္ခာတင်သွားတဲ့ရထားမိုင်းဆွဲခံရလို့ဘေးကချောင်းထဲကိုရထားခေါင်းစိုက်သွားပါတယ်။

ဟားခါးတိုက်ပွဲမှာစကစဖက်က ၃ ဦးသေပြီး ၁၄ ယောက်စာအုပ်ရောင်းလတ်မှတ်ရတယ်လို့ဆိုပါတယ်။
ဟားခါးဖက်ကရွာတရွာကိုစစ်ကြောင်းထိုးလာတဲ့တပ်ကိုချင်းပူးပေါင်းတပ်တွေကသမတာပါ။CNAနဲအCDFပါ။

ထီးချိုင့်မြတောင်လမ်းဆုံနားမှာလဲ တက်လာတဲ့စကစယာဥ်တန်းကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ကသမပါတယ်။

မိုင်းထိတဲ့ကားသမားထွက်ပြေးပြီးယဥ်ပေါ်ပါတဲ့စကစတပ်တွေတယောက်မှတုတ်တုတ်မလှုပ်တော့ဘူးလို့ဆိုပါတယ်။

ခေါင်းကြီးတို့အခြေစိုက်တဲ့နေပြည်တော်ဂွင်မှာလဲဗုံးကွဲပါတယ်။အောင်ဇဗ္ဗူရပ်ကွက်ရုံးရှေ့နဲ့ပျဥ်းမနား၈၅တပ်ထိပ်ဝန်းထဲကကျောင်းမှာကွဲတာပါ။


ဒလန်ရှင်းလင်းမှု့ဘက် ထက်သွားရရင် စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီ သတင်းပေးလို့ သတ်မှတ်ခံရသူ ၅ ဦး တစ်ရက်တည်း သတ်ဖြတ်ခံရတဲ့အပြင် သန်လျင်မှာ ရာအိမ်မှူး တစ်ဦးနဲ့ မင်္ဂလာဒုံမှာ အမျိုး သမီးတစ်ဦး   ပျူစောထီးအဖွဲ့ဝင် အသတ်ခံရပါတယ်။

မြိုင်တွင်မှာလည်း ၂ဦးသတ်ခံရ၊ ကရင်နီပြည်နယ်တွင် သတင်းပေး တစ်ဦးဖမ်းဆီးခံထားရပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ၅ဦးကို King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး)က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း King Cobra-Khin U အဖွဲ့ထံက သိရပါတယ်။

စစ်ကိုင်းကစကစသတင်းပေး ၅ဦးဖြစ်တဲ့ စိုင်ဂေါင်းရွာသား ဦးမြင့် အသက် (၅၀)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဘို့ကောက် (ခ) ဒေါ်ဌေးရှင် အသက် (၅၀)၊ ကုလားလူးရွာသား ညိုကြီး အသက် (၂၅) နှစ်၊ ရွှေမင်းဝံရွာသား ဇော်မင်းငြိမ်း အသက် (၃၅)နှစ် နှင့် ၎င်းနှင့်တစ်ရွာတည်း နေထိုင်သူ မမိုးသန်းငြိမ်း အသက် (၄၀)နှစ် တို့ကိုတော့ King Cobra-Khin U အဖွဲ့ကလုပ်တာလို့ထုတ်ပြန်ပါတယ်။

  • ပြည်သူ့အိုးအိမ်စည်းစိမ်များဖျက်ဆီးခံရမှု့နဲ့ဖမ်းဆီးခံရမှု့

ဒီကနေ့ညနေပိုင်းမှာပဲစစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းနဲ့ ရန်ကုန်တိုင်းဒဂုံမြို့သစ်ဆိမ်ကမ်းကရတနာနှင်းဆီအိမ်ယာကိုဝင်စီးပါတယ်။

NLD အမတ်ကိုဖြိုးဇေယျာသော်အဲ့ဒီ့မှာဖမ်းဆီးခံလိုက်ရတယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့်ခုထိတော့ MLN အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

NUGအဝိုင်းအဝန်းကတော့ကိုဖြိုးဇေယျာသော်မီတင်တွေမတက်ပဲပျောက်ဆုံးနေတယ်လို့အတည်ပြုပါတယ်။

ယမန်နေ့ကတော့ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေအပါအဝင်လူငယ်ပေါင်း ၄၃ ဦးနီးပါးကိုစစ်ကောင်စီကဖမ်းဆီးထားပါတယ်။

သဃ်န်းကျွန်းမြောက်ဒဂုံကအများစုပါဝင်တာလို့ဆိုရမှာပါ။

ရန်ကုန်PDF တွေဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တယ်ဆိုတာလည်းရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးကတာဝန်ရှိသူကသတင်းဌာနတွေကိုအတည်ပြုထားပါတယ်။

  • ပြည်တွင်းအာဏာရှင်ဆန့်ကျင်ရေးသပိတ်များ

ပြည်တွင်းသပိတ်တွေကတော့ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့မြို့ကြီးတော်တော်များများမှာအင်နဲ့အားနဲ့ရှိနေပါတယ်။

"စစ်ကျွန်မခံ "ဘူး" ငြင်းဆန်အမျိုးသားနေ့သံဓိဌာန်"ဆိုတဲ့စာသားတွေကိုင်ဆွဲပြီးစစ်အာဏာရှင်ဆန့်ကျင်ရေးဟစ်ကြွေးသံတွေကိုလမ်းမကြီးတွေအထိတပ်ပြီးဟစ်ကြွေးကြတာပါ။

  • ပြည်ပရေးရာ

တရုတ်မှာလုပ်မယ့်ထိပ်သီးအစည်းအဝေးမှာစကစခေါင်းဆောင်ကိုဖိတ်ဖို့တရုတ်ဖက်ကကြိုးစားနေတယ်လို့သတင်းတွေထွက်လာပါတယ်။

ဘရူနိုင်းနဲ့မလေးကတော့စကစနဲ့တဝိုင်းထဲမထိုင်ဘူးဆိုပြီးငြင်းဆိုထားတယ်လို့ဆိုပါတယ်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဌမစ္စတာဆာကာကာဝါရခိုင်ကနေရန်ကုန်ရောက်ပါတယ်။ဒီကနေ့ပဲရန်ကုန်က Melia မှာစကစပတ်သက်တဲ့ သတင်းဌာနတွေနဲ့သတင်းစာရှင်းပါတယ်။

NLDကတာဝန်ရှိသူအချို့နဲ့သူ့ရဲ့ခရီးစဥ်မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲဆိုပါတယ်။

ဒါက​တော့ ဒီက​နေ့ နို၀င်ဘာ ၁၈ ရက် တန်​ဆောင်မုန်းလပြည့်​နေ့အတွက် သတင်းအနှစ်ချုပ်ပါ။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026