NEWS

ပဲခူး-ရန်ကုန် အဝေးပြေးယာဉ်လိုင်းတွေ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်ကို ပြောင်းရွှေ့ဖို့ညွှန်ကြားထား

CoverLogo
2.5K Views
 
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း မှာ မူလကဂိတ်ထိုးကာပြေးဆွဲနေတဲ့ ပဲခူး-ရန်ကုန် မီနီဘတ်အဝေးပြေးယာဉ်လိုင်းတွေကို အောင်မင်္ဂလာအဝေးပြေး မှာ တည်ဆောက်နေပြီဖြစ်တဲ့ ကားဂိတ်အသစ် ပြီးစီးတာနဲ့ယခုလကုန်တွင်ပြောင်းရွှေ့ဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ (YRTC) ကညွှန်ကြားထားပါတယ်။
အောင်မင်္ဂလာအဝေးပြေး က ဂိတ်အမှတ် ၁ အနီးမှာလက်ရှိတွင် ပဲခူး-ရန်ကုန် မီနီဘတ်အဝေးပြေးယာဉ်လိုင်း ကားဂိတ်ကိုတည်ဆောက်နေရာ ဆောက်လုပ်မှု၅၀ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ကားဂိတ်ရဲ့ အကျယ်အဝန်းမှာ အလျားပေ၂၀၀နဲ့ အနံပေ၆၀ ရှိနေတယ်လို့ဆိုပါတယ်။
ပဲခူး- ရန်ကုန် မီနီဘတ်စ် အဝေးပြေးကားတွေဟာ မူလက ရန်ကုန်မြို့ထဲအထိဝင်ခွင့်ရခဲ့သလို အင်းစိန်စော်ဘွားကြီးကုန်း တွင် ဂိတ်ထိုင်ပြုလုပ်ကာပြေးဆွဲနေခဲ့ပေမယ့် ယင်းမီနီဘတ်စ်ကားတွေရဲ့ ကားတံခါးပေါက်က ဘယ်ဘက်မှဖြစ်နေတာကြောင့် မကြာခဏဆိုသလိုယာဉ်အန္တရာယ်ဖြစ်မှုတွေရှိခဲ့တဲ့အတွက် ရန်ကုန်မြို့တွင်း ကို ဘယ်မောင်းမီနီဘတ်စ် ယာဉ်တွေဝင်ရောက်ခွင့်မပြုတော့ပဲကန့်သတ် လိုက်တာဟာ ပြီးခဲ့တဲ့၂၀၂၃ခုနှစ်အောက်တိုဘာလကဖြစ်ကြောင်း YRTC ရဲ့ တာဝန်ရှိသူ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောပါတယ်။
" ပဲခူးကားတွေဂိတ်ရွေ့တော့အခု စီးရတာက အရင်ကလောက်တော့ အဆင်မပြေတော့ဘူးပေါ့ ။ အရင်က ဘာပဲပြောပြောစော်ဘွားကြီးကုန်းအထိရောက်တော့ မြို့တွင်းတစ်နေရာကိုဆက်သွားဖို့သိပ်မဝေးတော့ဘူးပေါ့ အခုက ကားဂိတ်ကပြောင်းတယ်ဆိုပေမယ့် အောင်မင်္ဂလာအဝေးပြေးက ဂိတ်က မပြီးသေးတော့ ရန်ကုန် zero မိုင်အထိဆိုတော့ဒီ စပ်ကြားကာလမှာ ဟိုမရောက်ဒီမရောက်နဲ့ ပဲခူးနဲ့ရန်ကုန်ခရီးစဉ်ကအသွားအလာအတွက် လမ်းခရီးအခက်ခဲတွေဖြစ်နေတာတော့အမှန်ပါပဲ။ ပြောင်းမယ့်အဝေးပြေးဂိတ်မှာ ဂိတ်ထိုးဖြစ်သွားရင်တော့ ခရီးစဉ်က ပိုလွယ်မလား ပိုခက်မလားတော့ သိပ်မပြောတတ်ဖူး စောင့်ကြည့်ရမှာပဲ"လို့ ပဲခူး- ရန်ကုန်မီနီဘတ်အဝေးပြေးယာဉ်လိုင်း စီးနင်းသူတစ်ဦးကပြောပါတယ်။
လတ်တလောမှာ ပဲခူး- ရန်ကုန် မီနီဘတ်စ် အဝေးပြေးကားတွေ အနေနဲ့ ရန်ကုန်zeroမိုင် အထိသာဝင်ခွင့်ပြုတော့ကြောင်းနဲ့ကားဂိတ်တည်ဆောက်မှု အလုံးစုံပြီးပါက ယင်းအောင်မင်္ဂလာအဝေးပြေး ရှိကားဂိတ်အသစ်တွင် အထက်ပါမီနီဘတ်စ်ယာဉ်လိုင်း၉လိုင်းအထိ ပြောင်းရွှေ့ဂိတ်ထိုးရမှာဖြစ်ကြောင်းသိရပါတယ်။
ပဲခူး- ရန်ကုန် အဝေးပြေးကားယာဉ်လိုင်းများမှာ ယာဉ်လိုင်း (၁၀)ခုအထိရှိနေပြီး၉ခုက အောင်မင်္ဂလာအဝေးပြေး တွင်ပြောင်းရွှေ့ဂိတ်ထိုးပြီး ကျန်ကားယာဉ်လိုင်း(၁)ခု တော့ ဒဂုံဧရာအဝေးပြေး မှာ ကားဂိတ်ထိုးကာပြေးဆွဲမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ (YRTC) ကနေသိရပါတယ်။
မုဒြာ

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026