NEWS

ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့

CoverLogo
449 Views
 
သီတင်းကျွတ်ကာလ အတွင်း ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းမှ ယာဉ်အချို့ဟာ သတ်မှတ်ထားတဲ့ ယာဉ်စီးခ ထက် ပိုမိုကောက်ယူနေတဲ့ အတွက် ခရီးသွားပြည်သူတွေမှာ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
 
ရန်ကုန်မြို့- ခရေပင်လမ်းခွဲ ကနေပဲခူးမြို့အထိ နဲ့ ယာဉ်စီးခ ၃၀၀၀ ကျပ်သာ သတ်မှတ်ထားပေမယ့်​ လက်တလောသီတင်းကျွတ်ကာလ မှာ တစ်ယောက်ကို ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကျပ်အထိ ကောက်ယူနေတယ်လို့ ကြုံတွေ့ခဲ့ရသူတွေကပြောပါတယ်။
 
""မနေ့က ရန်ကုန်ကနေ ပဲခူးကို သွားတာ ကားပေါ်မတတ်ခင်မေးတော့ ၄၀၀၀ ဆိုပြီး ကားပေါ်ရောက်တော့ ၁၀၀၀၀ တောင်းတယ် ကျွန်မတိုပြည်သူတွေ မတရားခံနေရတာ သက်ဆိုင်တဲ့ ဂိတ်မှုးတွေ စိစစ်အရေးယူသင့်တယ်""လို့ ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။
 
သီတင်းကျွတ်ပိတ်ရက် ခရီးသွားလာသူများတဲ့ အောက်တိုဘာ ၅ ရက်နေ့က စပြီး ပဲခူး-ရန်ကုန် ယာဉ်တော်တော်များများ ပိုမိုကောက်ယူတာပြုလုပ်လာကျကာ ယာဉ်စီးခ တောင်းသလောက်မပေးပါက ယာဉ်နောက်လိုက်တွေမှ မချေမငံပြောဆိုတာတွေလည်းရှိတယ်လို့ ခရီးသွားပြည်သူတွေထံမှ သိရပါတယ်။
 
"မနေ့က ထောက်ကြန့်ကနေ ပဲခူးကို စီးတာ ၅၀၀၀ကျပ် တောင်းတယ် ခါကြီးရက်ကြီး အသွားအလာများတာကို အခွင့်ကောင်းယူပြီး ယာဉ်စီးခ ကို ပိုတောင်းတာ ပိုတောင်းလို ပြောတော့ စပယ်ယာက မချေမငံ ပြန်ပြောတယ် မပေးနိုင်ရင်ဆင်းဆိုတဲ့သဘောမျိုးပြောဆိုတယ် ဒီလိုတွေဖြစ်နေတာ ဂိတ်တွေက သေချာမကြီးကြပ်လိုဖြစ်နေတာ ဂိတ်တွေ ဖုန်းဆက်တိုင်လည်း ဒီလိုရက်မျိုး ရောက်ရင် ခရီးသွားသူတွေကြုံတွေ့နေရတာပဲ""လို့ ပြည်သူတစ်ဦးကပြောပါတယ်။
 
ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်း အချို့ ဟာ အခုလို ခါကြီးရက်ကြီးနဲ့ခရီးသွားလာသူများတဲ့ ကာလတွေမှာ ယာဉ်စီးခ ပိုတောင်းသလို သာမန် ရက်တွေမှာလည်း ခရီးစဉ်ကို အဆုံးထိ မပို့ဆောင်ဘဲ အခြားကားဖြင့် စုပေါင်းတင်ပေးခြင်း YBS ယာဉ်တွေပေါ်တင်ပေးတာတွေ လုပ်ဆောင် တာကြောင့် ခရီးသွားပြည်သူတွေမှာ လမ်းခရီးကြန့်ကြာခြင်းနဲ့ သွားလာရအခက်တွေ့တာတွေ ဖြစ်ပေါ်တာတွေလည်းရှိပါတယ်။
 
" ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်တော်တော်များများ စည်းကမ်းမဲ့ကြတယ် ဘယ်တော့မှ ခရီးစဉ်ကို ဆုံးအောင်မပို့ဘူး လမ်းတစ်ဝက်လောက်ဆို အခြားကားနဲ့ပေါင်းတင်တာတွေ တချိုဆို YBS နဲ့ပြောင်းတင်ပေးလိုက်တာတွေ လုပ်ကျတယ် တချို့ ခရီးသည်တွေဆို မသွားမလာတတ်နဲ့အတော်လေး ဒုက္ခရောက်ရတယ်""လို့ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026