NEWS

ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့

CoverLogo
22 Views
 
ရန်ကုန်-မန္တလေး လမ်းဟောင်း ကနေ ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေကို ပဲခူးမြို့အတွင်း ကနေ ဖြတ်သန်းခွင့်မပေးတော့တာကြောင့် ပဲခူး-ရန်ကုန် သွားလာနေတဲ့ ခရီးသွားသူတွေ အခက်ခဲ ဖြစ်ပေါ်နေတယ်လို့ ခရီးသည်တွေ ထံမှ သိရပါတယ်။
 
ယာဉ်ကြောကျပ်တည်းတာကို အကြောင်းပြပြီး ရန်ကုန်-ပဲခူး ကားလမ်းမဘေးရှိ အဝေးပြေးယာဉ်ဝင်းကို ပဲခူး မြို့ပြင် ဘက် ကလိ ကျေးရွာ ရှိ ယာဉ်ဝန်းသို့ ပြောင်းရွှေ့ လိုက်သလို ပဲခူးမြို့အတွင်း ကိုလည်းခရီးသည်တင် မီနီဘတ်ယာဉ် တွေ ကို ဖြတ်သန်းခွင့်မပေးတော့ ပဲခူးမြို့ရှောင်လမ်းကနေ ဖြတ်သန်းခိုင်းတယ်လို့ သိရပါတယ်။
 
""၃ ရက်ရှိပြီ ပဲခူးမြို့အတွင်းကနေ ခရီးသည်တင်ယာဉ်လိုင်းတွေ ဖြတ်ခွင့်မပေးတော့ဘူး ရန်ကုန်ကနေလာမယ်ဆိုရင် ပဲခူး ပင်စည် က​နေမြို့ရှောင်လမ်း အတိုင်း ဖြတ်ပြီးသွားရမယ် ညောင်လေးပင် ဘက်က လာမယ်ဆိုရင် ကလိဘက်ကနေ ဖြတ်ပြီးလာရတယ် အဲ့တော့ပဲခူးကို လာမယ်ဆိုရင် ပင်စည်မှာဆင်းပြီး ဆိုင်ကယ် ကယ်ရီတို့ တုတ်တုတ်တို့စီးပြီး မြို့ထဲကိုဝင်ပေါ့ ညောင်လေးပင် ကလာမယ်ဆို ကလိကဆင်းပြီးမြို့ထဲဝင်ပေါ့ ""လို့ရန်ကုန်-ညောင်လေးပင် ပြေးဆွဲနေသူယာဉ်မောင်းတစ်ဦးကပြောပါတယ်။
 
အခုလိုပဲခူးမြို့​အတွင်း ခရီးသည်တင်ယာဉ်လိုင်း တွေကို ဖြတ်သန်းခွင့်မပေးတဲ့ ပဲခူးမြို့သို့ ခရီးသွားလာသူတွေမှာ ယခင်ထက် ခရီးစရိတ် ပိုကုန်ကျတဲ့အပြင် သွားလာရေး အခက်ခဲ ဖြစ်ပေါ် လျက်ရှိတယ်လို့ သိရပါတယ်။
 
""ရန်ကုန်လို YBS ယာဉ် တွေလို ယာဉ်စီးခ ၄၀၀ ကျပ် လောက် ကုန်တယ်ဆို ရင် တစ်ဆင့်ထပ်စီးရလည်း တော်သေးတယ် အခုက ကယ်ရီခ က အနည်းဆုံး ၁၀၀၀ ကျပ် ကစပေးရတာ ဆိုတော့ အခက်ခဲဖြစ်ကုန်တာပေါ့ကြိုတင်သတင်းထုတ်ပြန်တာမျိုး မရှိတော့ ရန်ကုန်က လာတဲ့ သူတွေ လမ်းကြောင်း အပြောင်းလဲ တွေကြောင့် အချိန်ကုန်ငွေကုန်ဖြစ်ကုန်တာပေါ့ မြို့ထဲကို အထည်ချုပ် ဖယ်ရီကားကြီးတွေတောင်အဝင်ခံပြီး ဒီမီနီဘတ်စ် ကားအသေးတွေ ဘာလို့အဝင်မခံတာလဲ စဉ်းစားလို့တောင်မရဘူး""လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ ပဲခူး မြို့တွင်းကနေ ခရီးသည်တင်ယာဉ်လိုင်းတွေကို ဖြတ်ခွင့်မပေးတော့တာကြောင့် ခရီးသွားတွေ အဆင်ပြေအောင်ဆိုကာ ပဲခူးတိုင်း စစ်မှုထမ်းဟောင်းအဖွဲ့ လုပ်ကိုင်နေတဲ့ ကြံတိုင်းအောင် ယာဉ်လိုင်းမှ Hijet ကားများနဲ့ မြိုတွင်းသွားလာမယ့် ခရီးသည် တယောက်ကို ကားခ ၁,၀၀၀ ကျပ်နှုန်းနဲ့ ပြေးဆွဲပေးသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Related posts

Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025
Cover
ဆန်တန်ချိန်၂၅ တန်နှင့်အထက်သိုလှောင်ရုံများအား မှတ်ပုံတင်ခိုင်း၊ လစဉ် ကုန်ရ ကုန်ထုတ် စာရင်းများပါပေးပို့ရမည်ဟုဆို
Oct 30, 2025
Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025
Cover
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော
Oct 29, 2025
Cover
ဒိုက်ဦးအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ကာ တိုက်ပိတ်အကျဉ်းချခြင်းပြုလုပ်နေ
Oct 28, 2025